ဇော်ဇော်ထွေး
သာကေတမြို့နယ်တွင် မတ်လ ၃၁ ရက် ညက အောင်ဘာလေထီသည်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့သဖြင့် သေဆုံးသူ မိခင်က လူလေးဦးကို အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်။
သာကေတမြို့နယ်၊ (၁၀/တောင်) ရပ်ကွက်နေ သေဆုံးသူ၏မိခင်ဖြစ်သူ ဒေါ်ခင်ဝင်း (၅၁)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းနေ့ ည ၉ နာရီခွဲအချိန်က ထီးရောင်းသည့် သားဖြစ်သူ ကျော်ကျော်ဆန်း (၃၅)နှစ်သည် သာကေတ မြို့နယ် ခိုင်ရွှေဝါ (၄)လမ်းထိပ်တွင် လဲကျနေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု တရား လိုက ဆိုသည်။
သားဖြစ်သူသည် ပက်လက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိရပြီး တုတ်ကိုင်ထားသည့် လူတစ်ဦးကိုလည်း အနီးရှိလူများက ဆွဲခေါ်သွားသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။
စုံစမ်းရာတွင်လည်း သားဖြစ်သူကို ၁၀/တောင် (၁၂ )ရပ်ကွက်နေ ကုလားကြီး (၂၈)နှစ်နှင့် ကိုဖြိုး (စုံစမ်း ဆဲ)၊ ကျော်နိုင်ဦး (စုံစမ်းဆဲ)၊ သိန်းထွန်း (စုံစမ်းဆဲ)တို့ လေးဦးက တုတ်ဖြင့် ရိုက်နှက်၍ သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် တိုင်ကြားသဖြင့် သာကေတနယ်မြေရဲစခန်း က (ပ)၂၀၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင် တန်းခံထားရသည့် ကုလားကြီး(ခ) ငြိမ်း သောင်းအား ဖမ်းဆီးစစ်ဆေးနေသည်။
တိုင်တန်းမှုတွင် ပါဝင်သည့် ကျန်သုံးဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့်အရေးယူမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment