Saturday, April 5, 2014

ရိုဟင်ဂျာနှင့် ပတ်သက်၍ ဦးနုအပေါ်ဝေဖန်မှု သမီးဖြစ်သူ ကာကွယ်ပြောဆို

ဝေမာသိမ့်

ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းကို လွတ်လပ်ရေးရအပြီး ဖဆပလအစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနုက ရခိုင်ပြည်နယ်တွင် မဲရလိုသည့် နိုင်ငံရေးအကျိုးအမြတ်ကြောင့် သုံး နှုန်းခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုသည့်အပေါ် သမီးဖြစ်သူဒေါ်သန်းသန်းနုက ကာကွယ်ပြောဆိုလိုက် သည်။

“အန်တီကတော့ အန်တီဖခင်နဲ့ပတ်သက်ရင် လုပ်ရပ်တိုင်းကို မှားခဲ့တယ်လို့ မထင်ဘူး။ အစိုးရတိုင်းက လက်ရှိနိုင်ငံအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ခဲ့ကြရတာချည်းပဲလေ။ နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့အ ချိန်အခါမှာ သင့်လျော်သလို သူလုပ်သွားတာဖြစ်တယ်။ အစိုးရတိုင်း အနည်းနဲ့အများ အမှားတွေရှိကြ တယ်။ ဘေးကနေဝေဖန်ရတဲ့အခါ လွယ်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အထွေထွေအတွင်း ရေးမှူးချုပ်လည်းဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများကို ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းနှင့်ပတ်သက်၍ လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း)တို့ မေးမြန်းမှုတွင် ဦးရဲထွဋ်က ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းဦးနုကို ဝေဖန်ခဲ့ ခြင်းဖြစ်သည်။

“ဦးနုတို့က ရခိုင်မှာ မဲလိုချင်လို့ နိုင်ငံရေးအကျိုးအမြတ်တစ်ခုတည်းအတွက် လုပ်ခဲ့လို့ အခုချိန်မှာ ဒီစကား လုံးကြီးက တွင်နေတာ”ဟု ဦးရဲထွဋ်က ဝေဖန်ပြောဆိုသည်။ “ဦးနုလုပ်ခဲ့တဲ့ အစိုးရက ဒီစကားလုံးကို အလွယ်တကူ လုပ်ခဲ့တယ်။ ရေရှည် မစဉ်းစားဘဲ ရေတိုအကျိုးအတွက် နိုင်ငံရေးအမြတ်တစ်ခုတည်းအ တွက် လုပ်ခဲ့တာကြောင့် ကျွန်တော်တို့ ဖြေရှင်းနေရတယ်”ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

ရိုဟင်ဂျာဟူသည့်အသုံးအနှုန်းကို အစိုးရကပိတ်ပင်ထားပြီး ရခိုင်ဒေသအချို့တွင် နေထိုင်သူများကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းလိုကြခြင်းကြောင့် သန်းခေါင်စာရင်းကောက်ယူမရဘဲ ဖြစ် နေသည်။

No comments: