Thursday, April 3, 2014

သန်းခေါင်စာရင်း ကောက်ရာသို့ နယ်စပ်ရေးရာ ဒုဝန်ကြီး လာရောက်စစ်ဆေး

မြတ်ကျော်သူ

ရခိုင်ပြည်နယ် စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများကို လေးရက်မြောက်အဖြစ် ဧပြီ ၂ ရက်က ကောက်ယူရာ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြည်ထောင်စုအဆင့် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း လာရောက် စစ်ဆေးခဲ့သည်။

ဒုဝန်ကြီး မောင်မောင်အုန်းသည် နိုင်ငံတကာအဖွဲ့အစည်းများ တိုက်ခိုက်ခံရမှုအတွက် သမ္မတကဖွဲ့စည်းလိုက်သည့် စုံစမ်းရေးကော်မရှင်တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းရောက်ရှိခဲ့သည့် ဒုက္ခသည်စခန်းတွင်လည်း အများစုက ရိုဟင်ဂျာဟုသာ ထည့်သည့်အတွက် သန်းခေါင်စာရင်း ဝန်ထမ်းများက ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။

ဒုဝန်ကြီးရောက်ရှိလာသည့် ခေါင်းဒုက္ကာ ဒုက္ခသည်စခန်းတွင် 'အဘက စိတ်ထဲ တစ်မျိုးဖြစ်သွားရင် မကောင်းဘူး' ဟု ဆိုကာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက သတင်းမီဒီယာများကို အခြားရွာသို့သွားရန် နှင်ထုတ်ခဲ့သည်။

တပ်ကြပ်ကြီး ပျောက်ဆုံးခဲ့သည့် ဘင်္ဂလီကျေးရွာဖြစ်သည့် သက္ကေပြင် ကျေးရွာတွင် ဧပြီ ၃ ရက်တွင် သန်းခေါင်စာရင်း ကောက်မည်ဖြစ်ပြီး ဧပြီ ၂ ရက်က ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သည့် ခေါင်းဒုက္ကာနှင့် ဘောဒူဘ တို့တွင် သန်းခေါင်စာရင်း ကောက်ခံခဲ့သည်။

No comments: