Thursday, April 3, 2014

တပ်မတော်သား သုံးဦးစီးနင်းလာသည့် ဆိုင်ကယ် ရပ်ထားသည့်ကားကို ၀င်တိုက်၊ တစ်ဦးသေဆုံး

ဇော်ဇော်ထွေး

တပ်မတော်သားသုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးလမ်းဘေးတွင် ရပ်ထားသည့် မော်တော်ကားကို ၀င်တိုက်မိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိမှုတစ်ခု ရန်ကုန်တိုင်း၊ တိုက်ကြီး မြို့နယ်တွင် မတ်လ ၃၁ရက် ညနေက ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ညနေ ၅ နာရီခန့်က တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရွာတန်းရှည် PJ လက်ဖက်ရည်ဆိုင်ရှေ့ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၄၇/၀အနီးတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထား သည်။

လမ်းဘေးတွင် ချရပ်ထားသည့် ဒေါ့ဂျစ်အမျိုးအစား ကုန်တင်ယာဉ်၏ နောက်ပိုင်းကို ရန်ကုန်-ပြည်လမ်းအတိုင်း ရန်ကုန်ဘက်မှ ပြည်ဘက်သို့ အမှတ်(၁၄)စစ်မြေ ပြင်ဆေးတပ်ရင်းမှ စားဖိုတာဝန်ထမ်းဆောင်နေသူ တပ်ကြပ်ကြီး သန့်ဇော်ဦး (၃၈)နှစ် မောင်းနှင်သည့် Dream ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းတပ်ကြပ်ကြီးဖြစ်သူ သန်းဇော်ဦးမှာ မေးစေ့ပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲ၊ ခါးအထက် နောက်ကျောပေါက်ပြဲသွေး ထွက်ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည်။

မော်တော်ဆိုင်ကယ်အနောက်မှ လိုက်ပါစီးနင်းသူများဖြစ်သည့် တပ်သား ချစ်သဲမောင်နှင့် တပ်သားတင် နောင်ဝင်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်္ဂလာဒုံ ခုတင် (၁၀၀၀) ဆံ့ စစ်ဆေးရုံတွင် မစိုး ရိမ်ရလူနာများအဖြစ် တင်ပို့ကုသထားရသည်။

အဆိုပါ ယာဉ်တိုက်မှုကို တိုက်ကြီးရဲ စခန်းက ယာဉ် (ပ)၂၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

No comments: