တင်ဇာအောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင် တိုးတက်လာတယ် ပြောရ မယ်။ ဒီလိုရောဂါမျိုးတွေကတော့ တစ်မုဟုတ်ချင်း ပျောက်သွားတာတော့ မရှိပါဘူး။ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာတယ်”ဟု ဆိုသည်။ ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “တော်တော်ကောင်းသွားပါပြီ။ အခြေအနေ တိုးတက်လာပါတယ်”ဟုဆိုသည်။
လက်ရှိအချိန်တွင် ဦးဝင်းတင်ကို နိုင်ငံခြားသို့ သွားရောက်ဆေးကုသရန် အစီအစဉ် မရှိသေးဟုလည်း ဦးထွန်း ကြည်က မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာစေရန်အတွက် ဆုတောင်းပွဲများကို ရန်ကုန်အပါအ၀င် မန္တလေးမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။
1 comment:
သေမင်း ကလက်မခံသေးလို့ဖြစ်မှာပါ သူဆီေ၇ာက်လာရင် သူနေရာမ၇ရင်ပြောချင်တာပြောတဲ့အဘိုးကြီး ကို
Post a Comment