Saturday, April 19, 2014

ပြင်းထန်သောKIA စစ်ဆင်ရေးနှင့် EU ၏ လက်နက် တင်ပို့မှု တားမြစ်ချက်

ရွှေဟင်္သာ

အစိုးရ တပ်များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တပ်ဖွဲ့နှင့် ဗန်းမော် ခရိုင် မိုးမောက် မြို့နယ် ကျရိဒါ့ေ ဂါ် ဒေသတွင် ယနေ့ နက် (၈)နာရီမှ နေ့လည်ပိုင်း အထိ ပြင်းထန်စွာ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း KIA စစ်ရုံးချုပ်မှ အတည်ပြု ခဲ့ပါသည်။

“ အထူး သဖြင့်တော့ အဲဒီတပ်ရင်း (၁)ဖက်မှာ က တပ်မ (၉၉) စစ်ကြောင်းတွေ စစ်ဆင် နေတာ ဖြစ်တယ်။ အခုတိုက် ပွဲမှာ ဆိုရင် သူတို့ က အင်အား (၃၀၀) ကျော်ရှိတဲ့ စစ်ကြောင်း နှစ်ကြောင်းနဲ့ ညှပ်တိုက် နေတာ ဖြစ်ပါတယ်။” ဟုဆို ပါသည်။

တပ်မ (၉၉) စစ်ကြောင်း သစ်များသည် ယမာန်နေ့ က ဆုတ်ခွာ ပေးလိုက်သော ကချင်ပြည်နယ် ဗန်း မော် ခရိုင် မိုး မောက် မြို့နယ် အထက်ပိုင်း ခ၀မ်ဘမ် ကျေး ရွာ အနီး ရှိ ဒဂေါ် တောင် လမ်းကြောင်း မှ ရောက်ရှိလာပြီး စစ်ကူများ ပါ အဆက်မပြတ် ပို့ ပေးခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ စစ်ကြောင်း သစ်များသည် KIA တပ်ရင်း(၁) တပ်ဖွဲ့များမှ တပ်ရင်း(၂၇) ကို အကူ အညီ မပေးနိုင်ရန် နှင့် ပိတ်ဆို့မှုများ မပြု လုပ်နိုင်ရန် ကာကွယ် လိုသည့် စစ်ပရိယာယ် ဖြစ် စစ်ဆင်ခဲ့ ဖွယ် ရှိကြောင်း။ ထိုး စစ်ချိန်နှင့် တ ပြေးညီ တပ်ရင်း (၂၇) အား စစ်ဆင်နေသည့် တပ်မ(၈၈) စစ်ကြောင်း များမှ ဒါဏ်ရာ ရလူနာများ ကို သယ် ထုတ်သွား ဖွယ် ရှိနေသည်ဟု KIA ရှေ့တန်း တပ်မှူးများ က ယူဆနေကြ ပါသည်။

တပ်ရင်း(၁)သည် တပ်ရင်း (၂၇) အား စစ်ဆင်နေသော တပ်မ (၈၈) အား နောက်ဖက် ကနေ ပိတ်ဆို့မည် သို့မဟုတ် မိုင်းဖြင့် စစ်ဆင် နိုင်ပါသည်။ အစိုးရ တပ်ဖွဲ့သည် လက်ရှိ စစ်ဆင်ရေး အား နောက်ထပ် စစ်ကူ တထောင်ခန့် ထပ်မံ စေလွှတ် ဖွယ် ရှိသည်ဟု KIA ဖက်မှ တွက်ချက် ထားသည့် အတိုင်း တပ်မ (၉၉) စစ်ကြောင်း သစ်များက စစ်ဆင်လာ ခြင်းဖြင့် တိုက်ဆိုင် နေခဲ့ပါသည်။

ထို့ပြင် ဗန်းမော်မြို့အနီး တွင်လည်း ယနေ့မနက်ပိုင်း တွင် ရက်ဆက် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဗန်းမော်မြို့ပေါ် ရှိ လူ မှုကယ်ဆယ်ရေး အဖွဲ့မှသိ ရပါသည်။ တပ်ရင်း (၂၇) နှင့် အင်ဘာပါ ဒေသ၌လည်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး၊ တပ်ရင်း (၁၂) ဧရိယာတွင် ငြိမ်သက်နေပါသည်။

တိုက်ပွဲကြောင့် တရုတ်ပြည် နယ်စပ်တွင် စစ်ပြေးဒုက္ခ သည်များ သောင်းချီ ဖြစ်လာပြီး နေထိုင်ရေး အခက်အခဲ ဖြစ်နေ ကြသည်ဟု ဆိုပါသည်။ မန်ဝင်းကြီး ဖက်သို့ ထွက် ပြေးသွားသော ဒုက္ခသည် များကို UNHCR မှအကူအညီ ပေးနေ သည် ဟု ဆိုပါသည်။

ဤကဲ့သို့ KIA တပ်မဟာ (၃)အား အရှိန်မြှင့် စစ်ဆင်နေချိန် တွင် ဥရောပ သမဂ္ဂသည် ၄င်းတို့၏ မြန်မာနိုင်ငံ အား လက်နက် တင်ပို့မှု တားမြစ်ချက် ကို သက် တမ်း တနှစ် ထပ်မံ တိုး လိုက်ကြောင်း ဧပြီ (၁၅)ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။

ကန့်သတ်တား မြစ်ချက်သည် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ အထိ Luxembourg တွင် ကျင်းပခဲ့သည့် EU နိုင်ငံခြား ရေးရာနှင့် လုံခြုံရေး ဆိုင်ရာ အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်း ဆုံးဖြတ်ချက် တွင် ဖိနှိပ်သည့် လုပ်ရပ် များ၌ အသုံးချနိုင်မည့် လက်နက်နှင့် စစ်ပစ္စည်း တင်ပို့မှုများကိုပါ တားမြစ် ခဲ့သည်ဟု ဆိုပါသည်။

ဥရောပ သမဂ္ဂသည် မြန်မာအစိုးရ ၏ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေများ အပေါ် စိုးရိမ်မကင်း မှုများ ရှိနေ ခြင်း ကြောင့် မြန်မာ နိုင်ငံအား စစ်လက်နက် တင်ပို့မှုနှင့် စစ်ဖက်ဆိုင်ရာ ဆက်ဆံမှု များကို ကန့်သတ် ထားခြင်း ဖြစ် ပါသည်။

No comments: