တင်ဇာအောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အထူးစိုးရိမ်နေသည်ဟု ၎င်းအနားတွင် အနီးကပ်ကြည့်ရှု စောင့်ရှောက်နေသူများ က ဧပြီ ၂ ရက် ည ၇ နာရီကျော်တွင် မဇ္ဈိမကို ပြောသည်။
မတ် ၂၉ ရက်တွင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ ရောက်ပြီးနောက် ကျန်းမာရေးအ ခြေအနေမှာ တိုးတက်ကောင်းမွန်လာသော်လည်း လေးရက်မြောက်သည့်နေ့တွင်မူ သွေးဝမ်းသွားနေ သောကြောင့် လက်ရှိအခြေအနေကို အထူးစိုးရိမ်မကင်းဖြစ်မိသည်ဟုလည်း နိုင်ငံရေးအကျဉ်းသား ဟောင်း ဦးထွန်းကြည်က ဆိုသည်။
ဦးထွန်းကြည်က “ဘဘက နှစ်ပေါင်းများစွာ တစ်ပါတီစစ်အာဏာရှင်စနစ် ဖိနှိပ်ညှဉ်းပန်းမှုကို ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့သူပါ။ ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်ခဲ့တယ်။ အခု ဘဘခံစားနေရတဲ့ ရောဂါဝေဒနာ တွေအားလုံးဟာ ထောင်ထဲမှာ ခေါင်းထောင်ထမလာနိုင်အောင် ဖိနှိပ်ညှဉ်းပန်း နှိပ်စက်ရမယ်ဆိုတဲ့ စစ် အာဏာရှင်တွေမူအရ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ အခုရတဲ့ ဒဏ်ရာဒဏ်ချက်အားလုံးက စစ်ကြောရေးနဲ့ ထောင်ထဲမှာရလာတဲ့ ဒဏ်ရာတွေပါ။ စစ်အာဏာရှင်တွေမှာ တာဝန်ရှိတယ်။ အခုတော့ စစ်အာဏာရှင် တဖြစ်လဲ အစိုးရလို့ ပြောတဲ့သူတွေအပေါ်မှာ အပြည့်အ၀ တာဝန်ရှိတယ်”ဟု ဆိုသည်။
ဦးဝင်းတင်၏ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်နေသူတစ်ဦးဖြစ်သည့် ဒီလှိုင်းဂျာနယ်၏ အမှုဆောင်အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “ကျန်းမာရေးအခြေအနေက on the margin ပါပဲ။ အသက်လုနေရ ပါတယ်။ ပါရဂူ ၁၂ ယောက်အဖွဲ့နဲ့ ကြပ်မတ် ကုသနေပါတယ်”ဟု ဆိုသည်။
ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်စေရန် ဦးဝင်းတင်ကိုချစ်ခင်သော လူငယ်များ ၏ဆုတောင်းပွဲကို ဧပြီ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေတိဂုံဘုရားနှင့် ညနေ ၆ နာရီခန့်တွင် ရန်ကုန် ဆေးရုံကြီးရှေ့တွင် ပြုလုပ်ခဲ့သည်။
ဆုတောင်းပေးသူ ၃၀ ခန့်ရှိပြီး နံနက် ၁၀ နာရီခန့်က ရွှေတိဂုံဘုရားပေါ်တွင် ပန်း၊ ရေချမ်း ဆီမီးကပ်၍ ဆုတောင်းခဲ့ပြီး ညနေ ၆ နာရီတွင် ရန်ကုန်ဆေးရုံကြီးရှေ့တွင် ဆီမီးထွန်း၍ ဆုတောင်းခဲ့သည်။
ဆုတောင်းပွဲတွင်ပါဝင်သူ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုက “ကျွန်တော်တို့ အဖွဲ့အနေနဲ့ လုပ်တာမဟုတ်ဘူး။ ဘဘကိုချစ်တဲ့လူငယ်တွေ ဘဘကျန်းမာရေး ကောင်းမွန်စေဖို့ ဆု တောင်းပွဲ ပြုလုပ်တာပါ”ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် ဦးဝင်းတင်ကို သွေးသွင်းကုသနေရပြီး ညနေ ၇ နာရီခန့်အထိ သွေးသုံးပုလင်း သွင်းပြီးဖြစ်သည်ဟုလည်း ၎င်း၏ကျန်းမာရေးကို စောင့်ရှောက်နေသူ ဒေါက်တာရန်မျိုးသိမ်းက သူ၏ဖေ့စ် ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးလည်းဖြစ်သည်။
၁၉၉၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦး လည်း ဖြစ်သည်။ ထောင်တွင်းတွင် ၁၉ နှစ်ကျော်နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်း စိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် NLD ကထုတ်ဝေသော ဒီလှိုင်းစာစောင်တွင်အကြံပေး အဖြစ် ဆောင်ရွက်နေသည်။
No comments:
Post a Comment