သီဟကိုကို
နိုင်ငံတကာတွင် အသုံးပြုနိုင်မည့် AYA World Travel Prepaid Card အား ဧရာဝတီဘဏ်နှင့် Visa တို့မှ ပူးပေါင်းထုတ်လုပ်သွားမည်ဟု ဧရာဝတီဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က မတ်လ ၃၁ ရက် တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဦးဖြိုးအောင်က “ မြန်မာနိုင်ငံမှာ Cooperate Card အဖြစ် AYA World Travel Card ကို ပထမဆုံး ထုတ်လုပ်တာ ဖြစ်တယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေဟာ ဒီကနေ့အချိန်မှာ ပြည်တွင်း တင်မကဘဲ ဒေသတွင်းနိုင်ငံတွေကို သွားလာနေပြီးဖြစ်တဲ့အတွက် နိုင်ငံခြားမှာ အသုံးပြုလို့ရအောင် ရည်ရွယ် ထုတ်လုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
AYA World Travel Prepaid Card တွင် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် Visa Card များနှင့် ကွဲပြား ကြောင်းနှင့် စင်ကာပူနိုင်ငံတွင် အသုံးပြုနေသည့် Pay Wave စနစ်အား ထည့်သွင်း အသုံးပြုထားကြောင်း ဦးဖြိုးအောင်က ပြောသည်။
ဦးဖြိုးအောင်က “Pay Wave System ပါဝင်တဲ့အတွက် Card နဲ့ ငွေချေတဲ့အခါမှာ Sign နဲ့ Password တွေ ခံစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ convenient နဲ့ Safe ဖြစ်ပါတယ်” ဟု ပြောသည်။
YA World Travel Prepaid Card သည် မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်မည့် သူများအတွက် ရည်ရွယ် ထုတ်လုပ် ထားခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားရှိ Pay Wave Logo ပါဆိုင်တိုင်းတွင် Pay Wave စနစ်ဖြင့် ဒေါ်လာ ၁၀၀ အထိ အများဆုံး အသုံးပြုနိုင်ရန် Visa နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်သည် ဟုလည်း ဦးဖြိုးအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၂၀၁၃၊ နိုဝင်ဘာလတွင် ဧရာဝတီဘဏ်၏ ATM စက်များတွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်ဟု ဘဏ်တာဝန် ရှိသူတစ်ဦးက ပြောသည်။
ဧရာဝတီဘဏ်သည် ၂၀၁၀ တွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ ဘဏ်ခွဲပေါင်း ၆၄ ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟု ဘဏ်တာဝန်ရှိ သူများက ဆိုသည်။
No comments:
Post a Comment