Wednesday, July 15, 2009

ကြံ့ဖွတ်အသင်းဝင် ခံယူမှ ဖုန်းရလွယ်မည်

IMNA, ကွန်းဟဒေ့ Wed 15 Jul 2009

မွန်ပြည်နယ် CDMA ဖုန်းလျှောက်ရာတွင် ဖုန်းအလွယ်တကူရရှိရန် ကြံ့ဖွတ် အသင်းဝင်ခံယူမှ သာလျှင် ဖုန်းအလွယ်တကူရမည်ဟု ကြံ့ ဖွတ်အသင်းဝင် တစ်ဦးက ပြောသည်။

မုဒုံမြို့နှင့် မြို့နယ်အတွင်းရှိကျေးရွာများတွင် ကြံ့ဖွတ်အသင်းဝင်ခံယူပြီး ဖုန်း လျှောက်လျှင် ဖုန်းရလွယ်သည့်အပြင် ဈေးနှုန်းလည်းချိုသာသည်ဟု ၄င်း မြို့နယ်ရှိအသင်းဝင်တစ်ဦးက ပြောသည်။

“ကြံ့ဖွတ်အသင်းဝင်ကဒ်နဲ့ လျှောက်ရင် ဖုန်းတလုံးရဖို့ သုံးသိန်းကျော်ပဲ ကုန် တယ်၊ အသင်းဝင်မဟုတ်ဘဲ သာမန်အရပ်သားတွေဆိုရင်တော့ ဖုန်းလိုင်း ရဖို့ ၁၈ သိန်းလောက် ကုန်မယ်၊ ဒါတောင်ရဖို့ မလွယ်ဘူး” ၄င်းက ပြော သည်။

မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် CDMA ဖုန်းလျှောက်တင်ခွင့်ရှိသော် လည်း သာမန်အရပ်သားများ အတွက်မဟုတ်ဘဲ ကြံ့ဖွတ်အသင်းဝင်များ အတွက် အဓိက ရည်ရွယ်ပြီး အစိုးရမှ ဖုန်းချပေးခြင်းဖြစ်သည်ဟု ကြံ့ဖွတ် အသင်းဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကြံ့ဖွတ်အသင်းဝင်များအတွက် ဖုန်းဝန်ဆောင်မှု တစ်လလျှင် တစ်သောင်း ကျပ်သာ ပေးဆောင်ရမည်ဖြစ်ပြီး သာမန်အရပ်သားများအတွက် ဖုန်းအ သုံးပြုသည့်အပေါ်တွင် မူတည်ပြီး ဝန်ဆောင်မှုအတွက် ငွေပေးဆောင်ရ မည်ဟု ၄င်းက ပြောသည်။

“တစ်ရွာဆို ဖုန်းတစ်လုံး လျှောက်ခွင့်ရှိတယ်၊ ကြံ့ဖွတ်အသင်းဝင်တွေ အ တွက်ပဲ အဓိက ရည်ရွယ်တယ်၊ ကျနော်တို့ ရွာမှာတောင် ကြံ့ဖွတ်အသင်း ဝင်အဖြစ်နဲ့ ဖုန်းလျှောက်ဖို့ ရှိတယ်” ဟု ကလော့သော့ ရွာသားတစ်ဦးက ပြောသည်။

၀၉ ဖြင့်စသော CDMA ဖုန်းကို အစိုးရမှ လွန်ခဲ့သော ဇွန်လက လျှောက် တင်ခွင့်ပြုထားပြီး ကြံ့ဖွတ်အသင်းဝင်အများစုသာ ရနေပြီး သာမန်အရပ် သားဖြင့် လျှောက်တင်ထားသော ရွာသားများမှာ ယခုအချိန်အထိ ဖုန်းမရ ရှိ သေးကြောင်း တခြားရွာသားတစ်ဦးက ပြောသည်။ ကြံ့ဖွတ်အသင်းဝင် များထက် ငွေပိုပေးရသော်လည်း ဖုန်းရရန့်မလွယ်ကူဟု ဆိုသည်။

ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းတွင် ကြံ့ဖွတ်အသင်းဝင်များအတွက် အသုံးပြု ရန် အစိုးရမှ ဖုန်းချပေးသည်ဟု ကြံ့ဖွတ်အသင်းဝင်တစ်ဦးက ပြောသော် လည်း ဒေသအတွင်းရှိ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒေသခံများကို စည်း ရုံးရာတွင် လိုအပ်သော အတင်းအချက်အလက်များကို တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ရာတွင် အသုံးပြုရန် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။

No comments: