ရိုးမ ၃
မကွေး တိုင်း၊ ပေါက်မြို့ နယ်၊ ရွာတန်းရှည် ကျေးရွာ တွင် စရဖ နှင့် ကျေးရွာ အာဏာပိုင် များက ရေနံ ရောင်းဝယ် သူများ ထံမှ ငွေကြေး အဆ မတန် တောင်းယူ မှုများ ပြုလုပ် နေသဖြင့် ဒေသ ခံများ မကျေ မနပ်ဖြစ် နေကြ သည်။
ပြီးခဲ့သည့်လ (၂၆) ရက်နေ့တွင် ရွာတန်းရှည်ကျေးရွာဥက္ကဌ သိန်းတိုးအေးနှင့် ပေါက်မြို့နယ် စရဖတို့က ရေနံချက်ဖိုပိုင်ရှင်များနှင့် ရောင်း ဝယ်သူများထံမှာ ယခင်ကထက် ငွေကြေးပိုပေးရမည်ဖြစ်ကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်သည်။
"အဲဒီနေ့က ဥက္ကဌအိမ်မှာပဲခေါ်တာ၊ သူတပည့် ဝင်းမြင့်၊ ရယကအဖွဲ့ဝင် နှစ်ဦး၊ ပေါက်မြို့စရဖတို့က ရေနံချက်ဖိုတွေကို အရင် က ပေးနေ တာထက် အခု တသောင်းပိုပေးရမယ်ဆိုပြီး ပြောတော့ ဖိုပိုင်ရှင်တွေ၊ ရေနံရောင်းဝယ်သူတွေက ရေနံဈေးကျနေလို့ မတိုး ပေးနိုင် ကြောင်း ပြောတော့ ပြဿနာ တွေဖြစ်ပြီး ရိုက်ပွဲ တောင်ဖြစ်တယ်" ဟု ဒေသခံ တဦးက ပြောသည်။
ယင်းကဲ့သို့ ခေါ်ယူပြောဆိုရာတွင် ရေနံရောင်းဝယ်သူများဘက်မှ အယောက် ၂၀ ခန့် တက်ရောက်ခဲ့ကြပြီး အာဏာပိုင်များနှင့် မကျေ မ နပ်ဖြစ်ကာ ရိုက်နှက်ခဲ့သဖြင့် ရယကအဖွဲ့ဝင်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကာ ရိုက်နှက်ခဲ့သူများမှာလည်း တိမ်းရှောင် နေရ သည် ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ရွာတန်းရှည်ကျေးရွာတွင် ယခင်က စက်ဘီးဖြင့် ရေနံသယ်ယူရောင်းချသူကို ၈၀၀ ကျပ်၊ ဆိုင်ကယ်ဖြင့် သယ်ယူသူကို ၁,၃၀၀ ကျပ်နှင့် ရေနံချက်ဖိုတဖိုလျှင် ၂၁,၀၀၀ ကျပ် တောင်းယူနေခြင်းဖြစ်သည်။
ပေါက်မြို့နယ်အနောက်ဖက်ရှိ ကျောက်တံခါး၊ အုန်းမှင်၊ ထန်းပင်ချောင်တို့သည် ရေနံထွက်ရှိသည့် ဒေသများဖြစ်ပြီး ၎င်းရေနံများကို ယာဉ်အမျိုးမျိုးဖြင့် သယ်ယူရောင်းဝယ်နေလျှက်ရှိကာ ရွာတန်းရှည်ကျေးရွာတရွာတည်းတွင် ရေနံချက်သည့် ဖို ၁၀ ခုရှိသည်။
Saturday, July 11, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment