Saturday, September 5, 2009

ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား

မိကျလွန်းထော Sat 05 Sep 2009

စက်တင်ဘာ (၂) ရက်နေ့ မြန်မာ အဖိတ်နေ့တွင် ဆံတော်ရှင် ရိုးဂိုး ဘုရား၌ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိသော သံဃာတော် များအား ဆီဆွမ်းလောင်း အလှူပွဲ တော်တွင် မြန်မာ အာဏာ ပိုင်တို့က ဘက်ပေါင်းစုံ အဖွဲ့စည်းမှ လုံခြုံ ရေးများ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ နယ် ရိုးဂိုး ကျေးရွာရှိ ဆံတော်ရှင် ရိုးဂိုးဘုရား တွင် ဝတ်စုံ အပြည့် အစုံနှင့် စစ်သားများ၊ ကြံ့ဖွတ်၊ မီးတပ်၊ မော်တော် ပီကယ်၊ စုစု ပေါင်း အယောက် ၁၀၀ ခန့်တို့က ဘုရား၏ အရှေ့၊ အနောက် ပတ်ပတ် လည်တွင် စောင့်ကြပ် နေကြပြီး ရွာထဲ တွင်လည်း လုံခြုံရေး အများအပြား ချထားသည်ဟု ကိုယ်တိုင် ဆွမ်းခံကြွခဲ့ သည့် သံဃာတော် တစ်ပါးက မိန့်ကြားသည်။

မြန်မာအာဏာပိုင်အချို့က ဆီဆွမ်းလှူဒါန်းပွဲတွင် စစ်ဝတ်စုံအပြည့်နှင့် လှူ ဒါန်းနေသဖြင့် အချို့ သံဃာတော်များက ၄င်းတို့လှူဒါန်သော ပစ္စည်းကို လက်မခံပဲ ရှောင်ထွက်သွားသော သံဃာတော်များလည်း ရှိသည်ဟု သိရသည်။

“ဦးဇင်းတို့က ဒကာတွေပေးတဲ့အလှုကို ဒါနမြောက်အောင် ဆွမ်းခံနေတာ ပါ၊ အခုလိုမျိုး စစ်ဝတ်စုံအပြည့်နဲ့ စောင့်နေတာဟာ အလှူပေးတဲ့သူတွေအ တွက် သဒ္ဒါပျက်စေပါတယ်” ဟု မော်လမြိုင်မြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

၎င်းဆီဆွမ်းပွဲတော်တွင် လူဦးရေ ၂ သောင်းနီးပါးတို့ လာရောက်လှုဒါန်း ကြပြီး အာဏာပိုင်တို့က ယခင်နှစ်ထက် လုံခြုံရေးတင်းကြပ်စွာ ချထား ကြောင်း ရွာသူရွာသားများက ပြောသည်။

“ဘုရားမှာလည်း လုံခြုံရေး နေရာအနှံ့ ချထားတယ်၊ ဒါတင်မကဘူး ရွာထဲ မှာလည်း အများကြီးပဲ၊ မနှစ်က ဒီလောက်မရှိဘူး၊ ဒီနှစ်က သေနတ်အပြည့် နဲ့ စောင့်နေတယ်၊ အလှူလုပ်တဲ့ပွဲမှာ ဒီလိုစောင့်နေတာ မဖြစ်သင့်ဘူး” ဟု ၄င်းက ဆက်ပြောသည်။

၎င်းဆီဆွမ်းလောင်းပွဲတော်တွင် ဂိုဏ်းပေါင်းစုံ စာသင်တိုက်ကျောင်း ၁၅၀ ကျောင်း မှ သံဃာတော်အပါး ၂ ထောင် နီးပါးနှင့် သီလရှင်အပါး ၁၀၀ ခန့် ဆွမ်းခံကြွကြသည်။ သံဃာတော်များမှာ မော်လမြိုင်၊ မုဒုံ နှင့် သံဖြူဇရပ်မြို့ မှ သံဃာတော်များဖြစ်သည်။

သံဃာတော်များ စာရွက်ဖြန့်ဝေပြီး စက်တင်ဘာအရေးအခင်းလို လမ်း လျှောက်ဆန္ဒပြမည်ကို မြန်မာစစ်အစိုးရက စိုးရိမ်သောကြောင့် ထိုသို့ လုံခြုံရေးများ နေရာတိုင်း၌ ချထားရသည်ဟု ၄င်းအလှူပွဲသို့ ဆွမ်းခံခဲ့သည့် မုဒုံမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

ရိုးဂိုးဆံတော်ရှင်ဘုရားရှိ ဆီဆွမ်းလောင်းပွဲတော်သည် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ၂၀၀၇ စက်တင်ဘာအရေးခင်းနှစ်တွင် တစ်နှစ်ရပ်နား ခဲ့ရသည်။ လုံခြုံရေးများ နှစ်တိုင်းချထားသော်လည်း ယခုနှစ်မှာ ပိုမို တင်းကြပ်ထားသည်ဟု သိရသည်။


No comments: