သားဆွေ
“ထို့ကြောင့်ဤသို့” ဆိုတဲ့ ဖြေရှင်းချက်တွေကို နအဖ စစ်အုပ်စု နေ့တိုင်းနီးပါး မရပ်မနား လုပ်ပေးနေရတယ်။ တရုတ်ကို ဖားရတယ်၊ ကချင်ကို နားချရတယ်၊ ဝ ကိုကတိပေးရတယ်၊ ပြည်သူကို လိမ်နေရတယ်။ ကိုးကန့်ကို တိုက်လိုက်တာ လွယ်ပေမယ့် နောက်ပိုင်း ရှင်းရ တာတွေက ပိုခက်နေတယ်။
နအဖ စစ်ကောင်စီ ကြေညာချက် ၁/၂၀၀၉ ထုတ်ပြီး ရှင်းနေရတယ်။
- ကိုကန့်ဒေသမှာ စိတ်ကြွဆေးပြားတွေ၊ စက်ရုံတွေ၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ တွေ့ရှိရကြောင်း (အခုမှ) ထုတ် ပြောနေရတယ်၊ ပြီးခဲ့တဲ့လ အထိက အဲဒီဒေသမှာ ဘိန်းအစားထိုးလုပ်ငန်းတွေ အောင်မြင်နေကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်နေပြီဖြစ်ကြောင်း၊ ဒေသတည်ငြီမ်အေးချမ်းနေကြောင်း နအဖ ရေးခဲ့ပြောခဲ့ သေးတယ်၊ အခုမှ ဗြုန်စား ကြီး WY ဆေးပြားတွေ၊ ဘိန်းတွေ၊ ဆေးခြောက်တွေ M 21-22 တွေ ဘယ်ကထွက် လာလဲ။
- အခုလို ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးကို အသည်းအသန်တိုက်ဖျက်နေပေမယ့် အိမ်နီးချင်းနိင်ငံတွေ အနောက် အင်အားကြီးနိုင်ငံတွေက သတိမပြုမိတာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြတဲ့အပေါ် နအဖ ဝမ်းနည်းနေကြောင်း လျောက်ပြော လျောက်ရေး လုပ်နေရတယ်။
- တရုပ်ပြည်ထဲပြေးဝင်သွားတဲ့ လူတွေကို ပြန်ပြီးလက်ခံဖို့နဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိဖို့ တရုတ်အစိုးရကို ကတိ တွေပေးနေရတယ်၊ တရုတ်နွယ်ဖွား ကိုးကန့်တွေအပေါ် လူမျိုးတုံးစစ်ဆင်တာ မဟုတ်ကြောင်း တရုတ်ကြီးကိုရှင်းပြတာ၊ ရွှေနားတော်သွင်းတာ လုပ်နေရတယ်။
- ထွက်ပြေးသွားတဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က ယူငင်လုယက်နေလို့ ဖြေရှင်းချက်တွေ ထုတ်နေရ တယ်၊ ဘယ်တုန်းကဖမ်းထားမသိ ဘယ်ကမှန်းမသိတဲ့ လူတွေကို သူခိုးတံဆိပ်ကပ်ပေးပြီး တရားခံပြ လုပ်နေရတယ်၊ ချင်ရွှေဟော်မှာ တရားခံတွေကိုဖမ်းချုပ်ထားကြောင်း၊ ယခု ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ကြောင်း စာလုံးမဲနဲ့ ခေါင်းကြီး သတင်းတွေ ဖော်ပြနေရတယ်။
- အပစ်အခတ်ရပ်ဆဲထားတာ ကျိုးပေါက်သွားတာမဟုတ်ကြောင်းနဲ့ “ဝ” တွေ "ကချင်” တွေအပေါ် စစ်ရေး တိုက်ခိုက် ကျူးကျော်မှုတွေ လုပ်မှာမဟုတ်ကြောင်း ၃ ကြိမ်ထက်မနည်း ကတိတွေပေးနေရတယ်။ (ဝ နယ်ကို တော့ စစ်အင်အား ၃ သောင်းထက်မနည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပတ်နေရာယူထားတယ်)
- သတင်းစာထဲမှာ “လောက်ကိုင်မှာသာတဲ့လ” လို “ကိုးကန့်ဒေသ ငြီမ်းချမ်းမြဲ - စိမ်းလန်းစိုပြည်စည်ကားဆဲ” လို့ ခေါင်းစဉ်မျိုးတွေနဲ့ အမြီးအမောက်မတည့်တဲ့ ဆောင်းပါးတွေရေးထည့်ပြီး တနိုင်ငံလုံးသိအောင် ဝါဒဖြန့်နေရတယ်။
- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးလက်မခံလို့ အခုလိုဘိန်းပြပြီး စစ်ရေးအရ ဖြေရှင်းလိုက်တာမဟုတ်ရပါကြောင်း မြောက်ပိုင်းကအပစ်အခတ် ရပ်ထားတဲ့အဖွဲ့တွေကို လိုက်ရှင်းပြနေရတယ်။
- သူခိုးလူမိဖြစ်သွားလို့ ဘက်စုံရှင်းလင်းပွဲတွေ လုပ်နေရတယ်။
- မြန်မာပြည်တောင်ပိုင်းမှာ ကရင်တွေကိုအပြုတ်တိုက်ဖို့ ငါးကြင်ဆီနဲ့ ငါးကြင်းကြော်နေတယ်၊ ဒီကေဘီအေ ဝတ်စုံဝတ် သစ်ခုတ်သမား အယောင်ဆောင်ပြီး ကရင်တော်လှန်ရေးနယ်မြေထဲဝင် ကရင်ကရင်ခြင်း သတ်ခိုင်းနေတယ်၊ ကရင် ကရင်ခြင်းသတ်ပြီး ပြန်လာတဲ့ ဒီကေဘီအေ တပ်မှုးကို သံလွင်မြစ်ထဲမှာ ဖျောင်ခဲ့ဘူးတယ်။
- လောလောဆယ် သတင်းပေါက်ကြားမှု ဖြစ်ပွားသွားတဲ့အတွက် ထိုးစစ်ကို ခေတ္တရပ်ထားတယ်၊ ကရင်အမျိုးသား အစည်းအရုံးဘက်က ထိုးစစ်ဆင်လာတော့မယ့် သတင်းရလို့ ဖာပွန်-ကမာမောင်းလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားတယ်။ ဒီလမ်းက တပ်မဟာ ၅ ကို ထိုးစစ်ဆင်မယ်ဆိုရင် အရေးပါတဲ့လမ်းဖြစ်နေတယ်။ ဒီလမ်းကနေ ထောက်ပို့ လုပ်ငန်းတွေသွားမယ်၊ တိုက်မယ်ဆိုရင် တိုလ်ပွဲကြီးတွေတော့ တိုက်မှာမဟုတ်၊ မြောက်ပိုင်းအရေးက ပူပူနွေးနွေးရှိ သေးတယ်။ မြောက်ပိုင်းမှာတပ်တွေ စုပုံအောထားရလို့ တိုက်မှာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်ပေါ်လာတဲ့ အချိန်ကို နအဖ စောင့်နေတယ်။ အလစ်အငိုက်မှာ တိုက်လိမ့်မယ်။
- ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တောင်ပိုင်း ဝ တပ်ဖွဲ့တွေကို ရန်စတာတွေလုပ်နေတယ်။ စစ်တပ်က လားဟူပြည် သူ့စစ် ယူနီဖောင်းဝတ်ပြီး ကင်းလှည့်တာ ရှာဖွေစစ်ဆေးတာတွေကို လုပ်နေတယ်။ ဝ တပ်ဖွဲ့တွေနဲ့ ပြဿနာတက်ရင် စစ်တပ်က လားဟူ ဘက်ကနေ ချက်ချင်းအားဖြည့်ပေးမယ်ပြောပြီး ဝ ကိုတိုက်ဖို့ လားဟူကို မြှောက်ပေးနေတယ်။ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့မှာ လူအင်အား ၄၀ ဝန်းကျင်ရှိတယ်။ စစ်တယ်ကနောက်ထပ် လူအင်အား ၂၀ နဲ့လက်နက် ခဲယမ်းတွေဖြည့်ထားတယ်။ လူ ၅၀ - ၆၀ လောက်နဲ့ ငါးစာချထားတာ ငါးမျှားချိတ် ကို ဝ တပ်ဖွဲ့တွေ မမြင်ပါစေနဲ့လို့ နအဖ ဆုတောင်းနေတယ်။
- တောင်းပိုင်း ဝ တပ်ဖွဲ့ဟာ ဝ ပြည် တပ်မတော်ရဲ့ အသက်သွေးကြောတခုဖြစ်တယ်။ တရုတ်အစိုးရကို နအဖက ကပ်နိုင်လို့ တရုတ်ပြည်က ဝ တွေအပေါ် ဆေးဝါး၊ ရိက္ခာ၊ လက်နက်ခဲယမ်း မကူညီခဲ့ရင် တောင်ပိုင်းဝ နယ်က လိုအပ် ချက်တွေကို ထိုင်းနယ်ထဲကနေ ဖြည့်ဆည်းနိုင်တယ်။ တောင်ပိုင်း ဝ တပ်ဖွဲ့ဟာ ဝ အမျိုးသားတွေနဲ့ ဝ တပ်မတော် အတွက် Logistics ဖြစ်တယ်။ ဒါကြောင့် နအဖက တောင်ပိုင်း ဝ နယ်စပ်တလျောက်မှာ အင်းအား တိုးချဲ့ချထားပြီး ဖြတ်တောက်ဖို့ ကြံနေတယ်။ ထိုးစစ်အရလဲ အရေးပါတယ်။ တောင်ပိုင်းဝနယ်က လှုပ်ရှားနယ်မြေအရ သေးငယ်တယ် အင်အားနည်းတယ်။ စစ်ဖြစ်ပြီးဆိုတာနဲ့ မြောက်ပိုင်းဝနယ်ကို စစ်ရေးအရ ခြိမ်းခြောက် ထားမယ်၊ တောင်မြောက် အဆက်ဖြတ်မယ်၊ တောင်ပိုင်းဝနယ်ကို သိမ်းမယ်ဆိုတဲ့ စစ်ရေးကြံစည်ချက် ရှိနေနိုင်တယ်။
- ကိုးကန့်အရေးမှာ သင်ခန်းစာရသွားတဲ့ အပစ်ခတ်ရပ်ဆဲရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြလို့ ထင်သလောက် လွယ်ကူမှာမဟုတ်မှန်း နအဖ တွက်ချက်မိနေတယ်။ နအဖ အင်အားတိုးချထားပြီး ဒုတ်ပြ ခဲပြ လုပ်နေ တာ ဝ လူထုက တအိမ်တယောက် စစ်လိုက်မယ်ဆိုတဲ့ ကတိပေးလိုက်သလို ဝ တပ်မတော်စစ်ဦးစီး အဖွဲ့ကလည်း အသက်ပေး ကာကွယ်မယ်ဆိုတဲ့အတွက် ရှေ့တလှမ်းတိုးရမလား - နောက်ပြန်ဆုတ်ရမလား ဖြစ်နေတယ်။
- အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေက မြွေမသေ ဒုတ်မကျိုးလုပ်နေတာ နအဖ အခံရခက်နေတယ်။ နအဖ လက် အောက်ခံ နယ်ခြားစောင့်တပ် လုပ်တာထက် ကချင်လက်နက် ကချင်လက်ထဲမှာထားပြီး ကချင်ဒေသ ကိုယ်ပိုင်အုပ် ချုပ်ရေးတပ်ဘဲ လုပ်မယ်ဆိုတဲ့ ကေအိုင်အိုရဲ့ သဘောထားနဲ့ ကေအိုင်အိုမဖျက်ဘဲ ပါတီသစ်တခု ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ဆုံးဖျတ်ချက်ကြောင့် နအဖ အငိုက်မိသွားတယ်။ ဒါကို လတ်တလော ဖြေရှင်းဖို့ မရနိုင်သေးဘူး။ နည်းလမ်းမတွေ့ သေးဘူး။ လတ်တလော မဖြေရှင်းနိုင်ပေမယ့် မူအရ နအဖ လုံးဝလက်မခံနိုင်ဘူးဆိုတာ သိသာ ထင်ရှားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အသုံးအနှုန်းမျိုး နအဖ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲမှာ မပါဘူး။ ၆၃ ငြမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တုန်းက နေဝင်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ် ဗိုလ်မှုးကြီးလှဟန်က ဗကပ ကိုယ်စားလှယ်တွေတင်တဲ့ တောင်းဆိုချက်တွေနဲ့ ပက်သက်ပြီး နှစ်လုံးထဲနဲ့ ဘောင်းဘီးညှပ်ခဲ့ ဘူးတယ်။ ဗကပ တောင်းဆိုခဲ့တာက “တိုင်းရင်းသား လူမျိုးစုများအပေါ် စစ်ဆင်နေမှု ရပ်ဆိုင်းရန်” စစ်အုပ်စုကိုယ်စားလှယ်က ဘာတင် ပြလဲဆိုတော့ “တိုင်းရင်းသားလူမျိုးစုများအပေါ်” လို့မသုံးပါနဲ့ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ဘတပြန် ကျားတပြန် တိုက်နေရလို့ပါတဲ့။ အခုလည်း “ကချင်းဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်” ဆိုတာနဲ့ ပတ်သက်ပြီး နအဖ ကိုယ်စားလှယ် ဘာတွေပြောရမယ်ဆိုတာ စဉ်းစားနေမှာ ဖြစ်တယ်။
- ရှေ့တန်းစစ်မျက်နှာမှာ ပြဿနာသောင်းခြောက်ထောင် တက်နေချိန်မှာ - စစ်နောက်ပိုင်းဒေသလို့ ပြောလို့ရတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပခုက္ကူ၊ မုံရွာ၊ မြင်းခြံ၊ စစ်တွေ၊ မော်လမြိုင်မြို့တွေမှာ မြို့တွင်းလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာ နေတော့ နအဖ နောက်ကြောမလုံဖြစ်နေတယ်။
- စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး တကျော့ပြန်ဖြစ်လာဖို့ တာစူနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေး လှုပ်ရှားမှုတွေကတော့ အရှိန်တက်လာနေတော့ စစ်နောက်ပိုင်းဒေသတွေမှာလည်း စစ်အင်အားတွေ တိုးချထားနေရတယ်။
- ဒေါ်အောင်ဆန်းစုကြည် ကိုထောင်ချလိုက်လို့ အနောက်နိုင်ငံတွေက နအဖ အပေါ်အရေးယူမှု မူလီထပ်ကြပ်လိုက် တာကို အခံရခက်နေတယ်။ ဒါ့အပြင် ဒီအမှုက ဒီမှာတင်မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီးခုခံ ချေပခွင့် တောင်းတာ အယူခံတင်တာ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်တောင်းတာတွေက သတင်းမီဒီယာတွေပေါ် တကျော့ပြန် တက်လာတော့ နအဖ စိုးရိမ်နေတယ်။ အစကတော့ ကျေးဇူးရှင်ကြီး ယက်တော၊ ခုကျ ဂျိုမွှေတဲ့ ယက်တောတဲ့ နအဖ စစ်အုပ်စုပြောနေပြီ။
- နအဖ ဘက်က ရွေးကောက်ပွဲဥပဒေနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေကို ခုချိန်ထိ မထုတ်ပြန်နိုင်သေးတဲ့အပေါ် အေးလွင့် တို့ အုပ်စုတွေကပါ စိတ်မရှည်တော့ဘူး။ ခပ်တည်တည်နဲ့ ဆိုင်းဘုတ်ထောင် ရုံးဖွင့်ပြီး စည်းရုံးနေကြပြီ။ နအဖ ဘက်က လည်း အနည်ဆုံးတော့ (ဒီချုပ် မပါရင်တောင်) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေ တိုင်းရင်းသားတွေ ရွေးကောက်ပွဲဝင်မှ ဖြစ်မယ်ဆိုတဲ့ လျာထားချက်ရှိလေတော့ ငြိမ်းအဖွဲ့တွေကို အရင်ငြိမ်းအောင် လုပ်နေရတယ်။
- အခုလိုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီတခုရဲ့ လွပ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် တွေကို ခွင့်ပြုဖို့ တောင်းဆိုလိုက်တဲ့အခါမှာ နအဖ အတော်မကြေမနပ်ဖြစ်သွားတယ်။ အရှိုက်အထိုးခံ လိုက်ရတယ်။ ဒီချုပ်ဘက်က ဒီတောင်းဆိုမှုကို နိုင်ငံရေးတိုက်ကွက်တခုလို့ တိုးချဲ့လုပ်ကိုင်လာခဲ့ရင်ဆိုတဲ့ စိုးရိမ်ချက် နအဖမှာ ဖြစ်ပေါ် နေတယ်။ ဒီချုပ်ရဲ့တောင်းဆိုချက်ကို ဆူပူမှုတွေလုပ်တော့မယ်။ လူထုအုံကြွမှုတွေ ဖြစ်တော့မယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပယ်ချဖို့ကြံစည်နေတယ်။
- အုံကြွမှုတွေက တကယ်ဖြစ်လာတော့မယ့် အလားအလာတွေရှိနေပြီ။ ဖြစ်လာဖို့တာစူနေပြီ။ အခုတခေါက် ဖြစ်လာရင် အရင်လို ထိမ်းနိုင်မှာမဟုတ်ဘူး။ မဖြစ်ခင်ကြိုပြီး ရှင်းပစ်ဖို့ နအဖ အမိန့်ထုတ်ထားတယ်။ တပြည်လုံး စစ်မျက်နှာဖြစ် နေပြီး နေရာတိုင်း လက်နက်ကိုင်တွေ ချထားရတယ်။ တပြည်လုံး လူဖမ်းပွဲတွေ လုပ်နေတယ်။ သံဃာတွေကို ဖမ်းနေတယ်၊ ကျောင်းသားတွေကို ဖမ်းနေတယ်၊ လောက်လေးဂွတပ်တွေ ဖွဲ့နေတယ်။
- နအဖ အကြောင့်ဆုံးက ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ခေတ်စားလာတဲ့ မြို့ပြပျောက်ကြား အယူအဆနဲ့ မြို့ပြ ပျောက်ကြား လှုပ်ရှားမှု။ မြို့ပြပျောက်ကြား မီးဒုတ်ကိုင်လိမ့်မယ်။ မြို့ပြပျောက်ကြားရဲ့ အဓိကရည်ရွယ်ချက်ကရန်သူ့ နောက်ကျောမှာလှုပ်ရှားတယ်။ ရန်သူ့စစ် နောက်ပိုင်းဒေသတွေမှာ အဖျက်လုပ်ငန်းတွေလုပ်တယ်၊ ရန်သူ့ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။ ဂိုထောင်တွေ မီးတိုက်ပစ်တယ်။ မော်တော်ယဉ်တွေမီးရှို့ပစ်တယ်။ ရန်သူ့သတင်းပေးတွေ သစ္စာဖေါက်တွေကို ဆုံးမပစ်တယ်။ မြို့ပြယဉ်ကျေးမှုထဲက မြို့ပြပျောက်ကြားတွေပေါ်ထွက်လာမှာ နအဖ အစွမ်းကုန် ကြောက်နေတယ်။ တွေးလေလေ တစိမ့်စိမ့်ကြောက်လေလေဘဲ။
No comments:
Post a Comment