Saturday, April 24, 2010

နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှရှောင်တိမ်း

သျှမ်းသံတော်ဆင့်

ယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်အင်အားစာရင်းပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက်နီးလာသည်နှင့်အမျှ ပြည်သူများစိုးရိမ်ခြောက်ခြားပြီး နေရပ်မှ တိမ်းရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။

အခုကျနော်တို့ဘက်က ကျေးလက်ထူထု - အဓိက ၀ လူမျိုးတွေပေါ့၊ အခုဘဲစစ်ဖြစ်တော့မလိုလို သတင်း ထွက်နေတော့ တောထဲရော၊ ထိုင်းနယ်စပ်ဘက်ကော တိမ်းရှောင်နေတာ သင်္ကြန်မတိုင်ခင်ကတည်းကဘဲ။ အခု ရက်ပိုင်း ပိုတောင်များ လာတယ်။ စစ်တကယ်ဖြစ်ခဲ့ရင်ထိုင်းထဲကိုချက်ချင်းပြေးဝင်ဖို့ အဆင်သင့်ပြင်ထားပုံရှိ တယ်” - ဟု ပုံပါကျင်ဒေသခံတဦးက ပြောပါသည်။

ဧပြီလဆန်းပိုင်းကစ၍ မိုင်းတုံ/ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၀ ပြည်သူများ မိမိအိမ်မွေးတိရစ္ဆာန်များ၊ မော်တော်ဆိုင်ကယ်များ ကို ဈေးနှုန်းသက်သက်သာသာဖြင့်ရောင်းချပြီး တခြားဒေသသို့ လူအင်အားထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း၊ ဟွေအော့်ဘက် ၄-၅ ရွာက မိုင်းကျွတ်ဘက်၊ ပုံပါကျင်ဘက်က နောင်ဝိုင်း (ထိုင်းနယ်စပ် - မိုင်းန သို့ လည်းကောင်း၊ လွယ်အန်ခန်ဘက်သို့လည်းကောင်း၊ ညဘက်ပိုင်း မီးမထွန်းကြဘဲ ၀ တပ်ဖွဲ့တို့၏ အကူအညီဖြင့် တောတောင်ထဲသို့သော်လည်းကောင်း ပြောင်းရွှေ့ကြသည်ဟု ဒေသခံများကပြော ပါသည်။


No comments: