Thursday, April 22, 2010

ပြည်သူပိုင်တိုက်ခန်းများကို အထပ်ပိုဆောက်ရန် လုပ်ဆောင်နေ

လွန်းဒင်Thursday, 22 April 2010

သုံးထပ်တိုက်ပြိုကျပြီးနောက်ပိုင်း ပြည်သူပိုင်တိုက်ခန်းများကို အာဏာပိုင်နှင့် ကန်ထရိုက်တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းတွင်း အန္တာရာယ်ရှိသည့်တိုက်ခန်းများကို ဖျက်ပြီး ပြန်လည်ဆောက်လုပ်ရန် စီစဉ်လျှက်ရှိသည်ဟု မြို့ခံ တဦးက ပြောသည်။


ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် ယခင်ရှိပြီးသား တိုက်ခန်းများထက် အထပ်ပိုဆောက်မှာဖြစ်ပြီး ဓါတ်လှေခါးပါ တပ်ဆင်ပေးမည်ဟု ၎င်းက ပြောသည်။


“မြို့ထဲမှာရှိတဲ့ တိုက်ခန်းတစ်ခန်းရဲ့ ပေါက်ဈေးက ရိုးရိုးသာမန်တိုက်ခန်းဆိုရင် သိန်း (၂၀၀)၊ (၃၀၀)အထက် ဝန်းကျင်ပဲလေ။ အခုလို ဓါတ်လေခါးတွေ ပါမှာဆိုရင် တာဝါ သဘောမျိုးဖြစ်သွားတဲ့အတွက် မြို့လယ်ခေါင်မှာဆိုတော့ သိန်း (၆၀၀)၊ သိန်း(၇၀၀) ပြေးမလွတ်ဘူးလေ သူတို့အတွက် တိုက်တစ်တိုက်ကို သိန်းထောင်ချီပြီးမြတ်မှာ” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ဖျက်ရန်ရှိသော တိုက်ခန်းများမှာ (၂၈)၊ (၂၉)၊ (၃၀)၊ (၃၁) လမ်းတို့ဖြစ်ပြီး မောင်ထော်လေးလမ်းရှိ တိုက်ခန်း စုစုပေါင်း (၆၀) ခန့်ရှိသည်ဟု ၎င်းကပြောသည်။ ယင်းတိုက်ခန်းတွင်နေသူများသည် မိမိအခန်းမှ ပြောင်းပြီး တခြားတွင် ငှားနေရမည်ဟု ဆက်ပြောသည်။

“အိမ်ငှားနေဖို့တစ်လကို အခန်းပိုင်ရှင်တစ်ဦးကို တစ်သိန်းနှုန်းပဲ ပေးမယ်တဲ့၊ တစ်သိန်းဘဲ ပေးမယ်ဆိုတော့ အခန်းပိုင်ရှင်တွေက ငှားနေဖို့ ဒီတစ်သိန်းနဲ့ အဆင်မပြေဘူးလေ။ မြို့ထဲမှာပဲ ငှားနေရင်တောင် စပေါ်မပါပဲ အိမ်းခန်းခ တစ်လကို (၂)သိန်းလောက်ရှိတယ် အခန်းပိုင်ရှင်တွေလည်း တော်တော်စိတ်ညစ်နေတယ် အခန်းမငှားနိုင်တော့ ကိုယ့်မြို့ရွာတွေ ပြောင်းရွေ့ကုန်ကြပြီ” ဟု ပြောသည်။

တချို့ရပ်ဝေးဒေသသို့ ပြန်ရမည့်သူများသည် မိမိပိုင်ဆိုင်သော အိမ်ထောင်ပရိဘောဂများကို ရရာဈေးနှုန်းဖြင့် ရောင်းချကာ ပြန်နေကြသည်ဟု ပြောပြီး တိုက်ခန်းပြန်ရသော သူများမှာလည်း ဟောခန်းပုံစံရရှိမှာဖြစ်ပြီး အခန်းကို အကုန်ပြန်ပြင်ဆင်ရမည်ဖြစ်သည်ဟု ၎င်းမြို့ခံက ဆက်လက်ပြောသည်။

No comments: