Saturday, April 24, 2010

စစ်တွေ အမျိုးသမီးများ ဆန္ဒပြမူ နောက်ဆက်တွဲ သတင်း

Narinjara News

ဧပြီလ ၂၁ ရက် ညနေ ၇ နာရီခွဲမှာ စစ်တွေ ကုန်တန်းရပ်ကွက်က အမျိုးသမီး ၇၀ ခန့်ဟာ လျှပ်စစ်မီး တလကျော်မရဘဲ ရှိနေတဲ့ အပေါ် မကျေနပ်တာကြောင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ပထမ ရပ်ကွက် ရယက ရုံးကို ချီတက် ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူတို့ ရပ်ကွက်ကို မီးပေးဝေနေတဲ့ စပါးခွံသုံး မီးစက်ကို တုတ်တွေ၊ ကျောက်ခဲတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲသလို တိုက်ခိုက်နေစဉ်အတွင်း ရပ်ကွက်အတွင်းက လူတွေပါ ၀ိုင်းအုံလာတဲ့ အတွက် လူပေါင်း ၃၀၀ ကျော်ထိ ဖြစ်သွားပြီး ရပ်ကွက် တခုလုံး ဆူညံသွားတယ်လို့ ဆိုပါတယ်။

ချက်ချင်း ဆိုသလိုဘဲ ရခိုင်ပြည်နယ် ဒကစမှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်နဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေ ရောက်ရှိလာပြီး ပြဿနာကို ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဒကစမှူးက မီးရရှိရေးကို သူတာဝန်ယူတယ်လို့ ကတိခံတဲ့ အတွက် ညနေ ၁၀ နာရီခန့်မှာ ဆန္ဒပြပွဲဟာ ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်တနေ့ ဧပြီ ၂၂ ရက်နေ့မှာတော့ ကုန်တန်းရပ်ကွက်ကို မီးပြန်လည် ပေးခဲ့တယ်လို့ သိရပါတယ်။ ခုချိန်ထိတော့ ဖမ်းတာ ဆီးတာ မရှိသေးပေမယ့်လည်း ခုဆန္ဒပြမူ နောက်ကွယ်မှာ နိုင်ငံရေး ပယောဂများ ပါသလားဆိုပီး အာဏာပိုင်တွေက အထူး စုံစမ်း ထောက်လှမ်းမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

No comments: