သျှမ်းသံတော်ဆင့်
လားရှိုးမြို့ အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော် သူစီးနှင်းလိုက်ပါ လာသည့် စစ်ယာဉ်တန်းအားယမန်နေ့ညနေပိုင်းက အမည်မသိ လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့မှ ဗုံးခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည် ။
ယခုလ ၂၈ ရက်နေ့ တရုတနိုင်ငံ မန်စီမြို့တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက် ပြီး အပြန် ကွတ်ခိုင်မြို့နှင့်နမ့်ဖတ်ကာကျေးရွာအကြားတွင် တိုက်ခိုက်ခံခဲ့ရကြောင်း စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။
၎င်းတိုက်ခိုက်မှုအတွင်း ဗိုလ်မှူးကြီးစိုးကျော်သူ ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ဗျူဟာမှူးယာဉ်တန်း လုံခြုံရေးလိုက်ပါ လာသည့် မြန်မာစစ်သည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
“မန်စီမှာ အစည်းအဝေးတက် တစ်ညအိပ်ပြီး မနေ့ကအပြန်လမ်းမှာ ကွတ်ခိုင်နဲ့နမ့်ဖတ်ကာကြားပေါ့ ယာဉ်တန်းကို ဗုံးနဲ့ခွဲ တာ ဗျူဟာမှူးကတော့ ဘာမှမဖြစ်ဘူး သူ့လုံခြုံရေးလိုက်လာတဲ့ ရှေ့ပွိုင့်ကားက ရဲဘော်တွေ ဒဏ်ရာရသွားတယ် ” ဟု သူ က ဆိုသည် ။
မန်မာအရာရှိတစ်ယောက် အပါအဝင် စစ်သည် ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုပြောဆိုသော်လည်း မည်သည့် လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ မသိရပေ။
မြန်မာစစ်ဗျူဟာမှူး ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက်မှုသည် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ် သော် လည်း လွန်ခဲ့သည့်လပိုင်းမှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ နမ့်ခမ်းမြို့နယ်များတွင် ပြည်သူ့စစ် ၃ ဦး ပစ်ခတ် ခံရမှု အပါအဝင် လက်သည် မပေါ်သည့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်
No comments:
Post a Comment