Tuesday, July 19, 2011

SSA က မြန်မာစစ်တပ် ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်

သျှမ်းသံတော်ဆင့်

မြန်မာစစ်သား အပြည့် တင်ဆောင် လာသည့် စစ်ကား ၂ စီးပါ စစ်ယာဉ်တန်းကို သျှမ်းပြည်တပ်မတော် SSA က ယမန်နေ့ နေ့ လည် ၁၁ နာရီခန့်ကလားရှိုးမြို့ အနီးတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွား ကြောင်း သျှမ်းတပ်အဆိုအရ သိရ သည်။

လားရှိုးမြို့မှ SSA ဋ္ဌာနချုပ်ရှိရာ ၀မ်ဟိုင်းစခန်းဘက် ဦးတည်မောင်းနှင်သွားခြင်း ဖြစ်ပြီး လားရှိုးမြို့နယ် မန့်ပျဲန့် ကျေးရွာအုပ်စု မိန်းမို နှင့် နမ့်လင်းအွမ်ရွာ အကြား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီးပျက်စီးသွားပြီး မြန်မာစစ်သည်များ ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေ အတွက် အတိအကျမသိရကြောင်း သျှမ်းတပ်ဘက်မှ ဆိုသည်။

အဆိုပါစစ်ယာဉ်တန်းသည် မြန်မာစစ်တပ် ထိုးစစ်ဆင်နေသည့် ၀မ့်ဟိုင်းဒေသဘက် စစ်ကူပို့ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။

1 comment:

Anonymous said...

င ကြောက် SSA ။ယောက်ျား ဆို ရင် ထိပ်တိုက် ရင် ဆိုင် ပြီ တိုက် ရတယ်။ဖွတ်ကျားSSA။