“ဒီလ ၈ ရက်နေ့က လွှတ်လိုက်တာ။ ဖမ်းသွားတဲ့အဖွဲ့ရဲ့ တောင်းဆိုချက်ကို တရုတ်ကုမ္ပဏီကလိုက်လျောတာ ကြောင့် ပြန်လွှတ်ပေး တာပါ။ အဓိကကတော့ ရေကာတာ မဆောက်လုပ်ဖို့ပေါ့။ သူတို့ ၄ ယောက်လဲတရုတ်ပြည် ကို ပြန်ရောက် သွားပါပြီ” ဟု RCSS/SSA လွယ်တိုင်းလျဲန်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
တရုတ်ကုမ္ပဏီထံ လက်နက်ကိုင်အဖွဲ့မှ တောင်းဆိုသည့်အချက်များမှာ-
၁. သံလွင်မြစ် တာ့ဆန်းရေကာတာ ဆောက်လုပ်နေမှုကို ရပ်တန့်ရန်
၂. အဆိုပါ တရုတ်ကုမ္ပဏီကိုလည်း ရေကာတာ ဆောက်လုပ်ခြင်း ရပ်တန့်၍ ပြန်လည်ထွက်ခွာပေးရန်
၃. သျှမ်းပြည်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖျက်ဆီးမည်ဖြစ်သောကြောင့် ရေကာတာ မဆောက်လုပ်ရန်
၎. ရေကာတာ၏ ဆိုးကျိုးဖြစ်သော ရေလွှမ်းခြင်း၊ မြစ်အောက်ပိုင်းရေခန်းခြောက်ခြင်း၊ ရေကာတာဆောက်လုပ်ရန် အတွက် ပြည်သူများ ရွေ့ပြောင်းရခြင်း စသည်ဒဏ်များကို ဒေသခံပြည်သူများက ခံရမည်ဖြစ်သည့်အတွက် မဆောက် လုပ်ရန် - တို့ဖြစ်သည်။
“တရုတ်ကုမ္ပဏီက တာ့ဆန်းရေကာတာ ဆောက်လုပ်တဲ့နေရာဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ငြိမ်းချမ်းမှုမရှိတာ၊ လက် နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်ဖြစ်တာစတဲ့ ပြဿနာတွေ ရှိတာတွေကို မသိခဲ့ရဘူးပေါ့။ အစပိုင်းက သိခဲ့ရင် ရေကာတာ လာဆောက်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတယ်တဲ့။ အခု တရုတ်ကုမ္ပဏီလဲ အားလုံးဆုတ်ခွာ သွားပြီလို့ ကျနော် တို့ဆီ အကြောင်းကြားတယ်။ ဖမ်းသွားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပြောပေးခိုင်းတယ်” ဟု ၎င်းကဆက်လက် ပြောပါ သည်။
သျှမ်ပြည်တောင်ပိုင်း ကွန်ဟိန်း-တာ့ကော့ဒေသသည် လက်နက်ကိုင်အဖွဲ့အမြောက်အများ ရောနှောလှုပ်ရှားနေ ကြောင်း၊ RCSS က ထိုဒေသကို ထိန်းချုပ်နိုင်ခြင်းမဟုတ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့ငယ်များသည် ရံဖန်ရံခါ ပေါ်လာ၍ ပြန်လည်ပျောက်ကွယ်သွားသဖြင့် တရုတ် ၄ ဦးကို ဖမ်းသည်မှာမည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည် ကို မပြောပြနိုင်ကြောင်း၊ သျှမ်းပြည်တပ်မတော်အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်းဗိုလ်မှူး လောဝ်ဆိုင် က ပြောပါသည်။
ကွန်းဟိန်း-တာ့ကော့ဒေသသည် RCSS/SSA လွယ်တိုင်းလျဲန်းအဖွဲ့၊ မြန်မာစစ်တပ်၊ လွယ်ဖာ-ကာလိ ပြည်သူ့စစ် အဖွဲ့(SSA တပ်မဟာ ရ ဟောင်း)၊ လားဟူပြည်သူ့စစ်အဖွဲ့၊ MTA လက်ကျန်အဖွဲ့နှင့် အခြားအမည်မသိ လက်နက် ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသည့် နယ်မြေဖြစ်သည်။
တရုတ်ကုမ္ပဏီ ထွက်ခွာသွားပြီးနောက် ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ Electricity Generating Authority of Thailand (EGAT) က ရှေ့ဆက် တာ့ဆန်းရေကာတာကို ဆောက်လုပ်မည် / ရပ်တန့် မည်ကို ခန့်မှန်း၍ မရကြောင်း သျှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့(SPEO)မှ ကိုစိုင်းစိုင်း က ဤကဲ့သို့ ပြောပါသည်။
“တာ့ဆန်းရေကာတာက ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလုပ်ငန်း ထူထောင်တဲ့ စီမံကိန်းထဲမှာ ပါတယ်။ EGAT ကုမ္ပဏီက အများအပြား မြှုပ်နှံထားပြီးပြီ။ ဒါကြောင့် ထိုင်းကုမ္ပဏီက နောက်ဆုတ်မလား ရှေ့တိုးမလားဆိုတာ ခန့်မှန်း ဖို့ခက်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှု မရှိသေး တဲ့ဒေသ၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသေးတဲ့ဒေသမှာ စီမံကိန်း ဆောက် လုပ်ဖို့ မသင့်ဘူး”
တာ့ဆန်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းတွင် တရုတ်ကုမ္ပဏီ Changjiang Water Resources Commission (CWRC) Changjiang Survey, Planning Design & Research Co.,Ltd. မှလူမောင်း လင်၊ လီစူး၊ ရန်ဟူးပင်းနှင့် လီကျန်းကျုံး(ဘာသာပြန်) တို့ မေလဆန်းပိုင်းက စက်လှေတစီးနှင့်သံလွင်မြစ်ညာ သို့ ဆန်တက်သွားစဉ် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ တရုတ်ကုမ္ပဏီက ၎င်းတို့၏ လူများကို ကူညီရှာဖွေပေးရန် RCSS/SSA လွယ်တိုင်းလျဲန်းအား မေတ္တာရပ်ခံခဲ့သည်။
တာ့ဆန်းရေကာတာ စီမံကိန်းသည် မိုင်းပန်မြို့နယ်(သံလွင်အနောက်ခြမ်း)နှင့် မိုင်းတုံမြို့နယ်(သံလွင်အရှေ့ခြမ်း) ကြားတွင် တည်ရှိ သည်။ ၁၉၉၆ မှစ၍ တာ့ဆန်းရေကာတာစီမံကိန်းကြောင့် ရွာပေါင်း ၁၅၀၀၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာရသဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက အကြီး အကျယ် ဆန့်ကျင် ခဲ့သည်။
No comments:
Post a Comment