သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဆိုင်ကယ်များ ယာဉ်စည်းကမ်းဖေါက်ဖျက်သည် ဆိုသော ကြံ့ခိုင်ရေး ပါတီ၏ အထက်ဋ္ဌာနသို့ တင်ပြသောအစီအရင်ခံစာ သည် ယာဉ်ထိန်းရဲများအား စားပေါက်ထွင်ပေးသလို ဖြစ်နေကြောင်း မူစယ်ဒေသခံများက ပြောဆိုနေသည် ။
၎င်းအစီရင်ခံစာကြောင့် လွန်ခဲ့သည့်အပတ်မှစ၍ မူစယ်မြို့၌ ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးနေရာ ဆိုင်ကယ်စီး ဦးထုတ် မပါသူများကို ယာဉ်ထိန်းရဲများက ဒဏ်ရိုက်သည့် အနေဖြင့် ဦးထုတ်တစ်လုံး ကျပ်ငွေ ၇ ထောင်ဖြင့် ရောင်းချနေကြောင်း သိရသည် ။
ပြင်ပပေါက်ဈေး ကျပ် ၂၀၀၀ ၀န်းကျင်သာရှိသည့် ဦးထုတ် တစ်လုံးကို ကျပ် ၇,၀၀၀ ဖြင့် ၃ ဆကျော် ဈေးတင် ရောင်ခြင်း ဖြစ်သည်။
“ဆိုင်ကယ်တွေ အခုရက်ပိုင်း ဖမ်းနေတယ်။ ဆိုင်ကယ်စီးဦးထုတ်မပါရင် ဦးထုတ်တစ်ခါတည်းရောင်းတယ်။ တစ်စီးမှာ လူနှစ်ယောက် ပါရင် ဦးထုတ်နှစ်လုံး တစ်လုံး ၇ ထောင်နဲ့ နှစ်လုံး ၁၄,၀၀၀ ကျတာပေါ့ ” ဟု ဒေသခံ တစ်ဦးက ဆိုသည် ။
ယခုလုပ်ရပ်သည် ကြံ့ဖွံ့ပါတီ၏ အစီရင်ခံစာကြောင့်ဖြစ်ပြီး ရဲစားပေါက်ထွင်ပေးသလို ဖြစ်နေကြောင်း ဒေသခံ များက ဆို ခြင်းဖြစ်သည် ။
အမှန်မှာ ကြံ့ခိုင်ရေးပါတီက ကန်ထရိုက်ယူထားသည့် မြို့တွင်းဆိုင်ကယ်ရပ်နားသည့် ဂိတ် နှင့် သုံးဘီးလိုင်း ကြောင့် မြို့တွင်း ယာဉ်အန္တရာယ်ဖြစ်နေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည် ။
ကြံ့ခိုင်ရေးပါတီက ဈေးကနေ တင်းနစ်ကွင်းဘက် သွားတဲ့လမ်းမှာ ဆိုင်ကယ်ရပ်တဲ့နေရာ ဆွဲထားတာ အကောက်ကောက် စားတာပေါ့။ လမ်းကျဉ်းတဲ့ကြားထဲ ဆိုင်ကယ်တွေရပ်ထားတော့ ပိုဆိုးတယ် နောက်သုံးဘီး လိုင်းလဲ သူတို့ဆွဲထားတာပဲ။ ဒီသုံးဘီးတွေဆို မောင်းချင်သလိုမောင်း ရပ်ချင်သလိုရပ်၊ အဲဒါတွေကြောင့် ယာဉ်ကျောတွေပိတ်တာ” ဟု သူက ဆိုသည် ။
ထို့အပြင် အဝေးပြေးခရီးသည်တင်ယာဉ်များ မြို့တွင်းဝင်ခွင့်မပြုသော်လည်း ရဲက တစ်ရက် ကားတစ်စီး ကျပ်ငွေ ၂ သောင်းယူ၍ မြို့တွင်းမောင်းနှင်ခွင့် ပြုထားကြောင်း သိရသည် ။
No comments:
Post a Comment