Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၁


အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် စနေနေ့ နံနက်က နေပြည်တော်မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာနတွင် ပြုလုပ်သော အမျိုးသား အဆင့် စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။

နံနက် ၉ နာရီမှ စတင်၍ သူ၏ မိတ်ဆွေ သမ္မတ၏ စီးပွားရေး အကြံပေး ဦးမြင့်တို့နှင့်အတူ အလုပ်ရုံ ဆွေးနွေးပွဲသို့ ၁ နာရီ တက်ရောက်ခဲ့သည်။ ယခု သတင်းပေးပို့ချိန်တွင်ဒေါ်အောင်ဆန်းစုကြသည် အစိုးရ၏ လုံခြုံရေး အစီအစဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။

ဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံ့ရေးရားများ ပြောဖြစ်ခဲ့ကြသည်ဟု သတင်းရပ်ကွက်တခုက ပြောသည်။ ဝန်ကြီးများ ထွက်ခွာသွားချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်နှင့် ဦးဇော်ဇော်တို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက ဓာတ်ပုံအတူ တွဲရိုက်ရန် တောင်းဆိုရာ ဓာတ်ပုံရိုက်ခဲ့သည်။

သောကြာနေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ရုံးခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။

မတူကွဲပြားချက်များကို ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟုနိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။

No comments: