Friday, March 16, 2012

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေ နိုင်ငံတကာ စံနှုန်းနှင့်မညီ

ကို​ထွေး

ငြိမ်းချမ်းစွာ ဆန္ဒ ပြခွင့် ပြုတဲ့ မြန်မာ ဥပဒေ သစ်ဟာ နိုင်ငံ တကာ စံနှုန်း တွေနဲ့ ညီညွတ်ခြင်း မရှိ ဘူးလို့ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန် ပြော ကြား လိုက်ပါ တယ်။

မြန်မာ နိုင်ငံမှာ ပြဌာန်း ထားတဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေ သစ်ဟာ အရင်က ဆန္ဒပြခွင့် မပေးဘဲ တားမြစ် ထားတာကို ပယ်ဖျက် လိုက် တာ ဖြစ်ပါ တယ်။ ဒါပေမယ့် မြန်မာ ပြည်သူ တွေရဲ့ အခြေခံ အခွင့် အရေး တွေကို လှည့်ဖြားလို့ ရအောင် အစိုး ရကို ခွင့်ပြု ထား ဆဲပဲလို့ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှ ဒေသ ညွှန်ကြား ရေးမှူး ဘရက်ဒ် အဒမ်စ် က အေအက်ဖ်ပီ သတင်း ဌာနကို ပြောပါ တယ်။ “ဒီနေ့မှာ မြန်မာပြည် ပြောင်းလဲ တာနဲ့ ပတ်သက် ပြီးတော့ စိတ်လှုပ် ရှားမှုတွေ အများကြီး ရှိနေ ပါတယ်။ ဒါပေမယ့် အရင် က မရှိ ခဲ့တဲ့ လွတ်လပ်မှု တွေကို ခွင့်ပြု ရုံနဲ့ အစိုးရကို ယုံကြည်မှု မပေးသင့် သေးပါဘူး။ အဲဒီ့ အစား ဥပဒေကို နိုင်ငံ တကာ စံနှုန်း တွေနဲ့ ကိုက်ညီ အောင် ဖိအား ပေးသင့် ပါတယ်။”

ဒီဇင်ဘာလက သမ္မတက အတည်ပြု ပြဌာန်းထားတဲ့ ဒီဥပဒေဟာ ပြီးခဲ့တဲ့ နှစ်က စတင် အာဏာ လွှဲပြောင်း ရယူခဲ့တဲ့ အရပ်သား အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲမှု တွေ အနက် တခုလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေဆီကနေ ဆန္ဒပြခွင့်အတွက် ဆန္ဒပြသူတွေက ၅ ရက် ကြိုတင် ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြ မယ် ဆိုရင်တော့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ဖို့  ခွင့်ပြုချက် ရရှိခဲ့ရင်တောင်မှ အချက်အလက် မှားယွင်း ပြီး တိုင်းပြည်ကို နစ်နာစေတဲ့ မိန့်ခွန်း တွေ ပြောကြားခဲ့ရင် ဆန္ဒပြသူတွေ အနေနဲ့ ထောင်ဒဏ် ၆ လ ကျခံရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက် တွေကို ချိုးဖောက်ရင် ချမှတ်ခံရမယ့် ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်တာတွေကို ပယ်ဖျက်ဖို့ မြန်မာ့ လွှတ်တော်ကို တိုက်တွန်းလိုက်ပြီး ဆန္ဒပြ သူတွေနဲ့ ပတ်သက်ရင် အစိုးရကို ပို လုပ်ပိုင်ခွင့် ပေး ထားတဲ့ အတွက် စိုးရိမ် ပူပန်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက ထုတ်ဖော် ပြော ဆိုပါတယ်။

“လူတွေရဲ့ အခြေခံ အခွင့်အရေးကို ခွင့်ပြုတယ်ဆိုရင်တော့ မြန်မာအစိုးရရဲ့ ဥပဒေ ပြုပြင် ပြောင်းလဲတာကို ချီးကျူးဖို့ ထိုက်တန်ပါတယ်” လို့ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထု ဆန္ဒပြမှု နဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များရဲ့ မေတ္တာပို့ စီတန်း လှည့် လည်မှုတွေကို စစ်တပ်က အကြမ်း ဖက် နှိမ်နင်းခဲ့ပါတယ်။ လက်ရှိ အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေ ထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် နည်းဥပဒေ မရှိ သေးဘူး ဆိုကာ ဆန္ဒပြပွဲတွေကို တကယ့်လက်တွေ့ မှာ အာဏာပိုင်တွေက တရားဝင် ခွင့်ပြုခြင်း မရှိသေးပါဘူး။

No comments: