Tuesday, March 27, 2012

မဲဆန္ဒနယ် အမှတ် (၃) သိန္နီမြို့ မဲစာရင်း မှားယွင်း နေသည်ဟု ကျားဖြူ အမတ်ပြော

သျှမ်းသံတော်ဆင့်


မဲမန္ဒနယ်အမှတ် ၃ သိန္နီ မြို့တွင် မဲပေးပိုင်ခွင့်ရှိသူများစားရင်းမှားယွင်းမှုရှိနေကြောင်း သျှမ်းတိုင်းရင်းသား များဒီမိုကရက် တစ်ပါတီ ခေါ် ကျားဖြူ ပြည်သူ့လွှတ်တော်အမတ်တဦးကပြောသည်။

“ သိန္နီမြို့မှာ မဲစာရင်းမှားယွင်းမှုတွေရှိနေတာကို ကျနော်တို့ တနင်္ဂနွေနေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကိုသွားပြီး ညှိနှိုင်းရပါတယ်။ တချို့လဲ နာမည်ပြန်ပါလာတယ်။ တချို့လဲ မပါဘူး။ မဲရုံကိုယ်စားလှယ်တချို့တောင်မှ မဲပေးဖို့ နာမည် စာရင်းပြန်ပါမလာဘူး ” ဟု သိန္နီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင်ကပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား ဒေသခံ လူထုအများစုက စိတ်ဝင်းစားမှုရှိသည်ကိုတွေ့ရကြောင်း၊ မဲတပြား၏ တန်ဖိုးကိုလည်း နားလည်လာသည်ကိုတွေ့ရကြောင်း စိုင်းဝင်းခိုင်က ဆက်လက်ပြောပြသည်။

“ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအလိမ်ခံခဲ့ရတော့ လူတွေက သံသယရှိနေကြတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတမှုရှိမလားဆိုတာတော့ သတိနဲ့စောင့်ကြည့်ရတာပေါ့ ။ ကျနော်တို့အနေနဲ့ တရားမျှတမှုရှိ ဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်“ ဟု ဆိုပါသည်။

ယခုကဲ့သို့ မဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းမှားယွင်းမှုရှိသည်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏အမှားမဟုတ်ဘဲ ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများ နှင့် လ၀က စာရင်းကိုင်များ၏ အမှားဖြစ်နေသည်ကိုလေ့လာသိရှိရကြောင်း၊ ပြည် ထောင်စု ကော်မရှင်က လွတ် လပ်ပြီးတရားမျှတဖို့မည်သို့ပင် ကြိုးစားနေစေကာမူ တိကျမှန်ကန်သည့် လူဦးရေစာရင်း ဇယား မပြုလုပ်ရှိထားသောကြောင့် ထူးခြား မည် မဟုတ်ကြောင်း စိုင်းဝင်းခိုင်က ပြောပါသည်။

No comments: