Friday, March 30, 2012

လစာသစ် မထုတ်ခင် ကုန်ဈေးနှုန်း တက်

KHONUMTHUNG NEWS

ကျပ်ငွေ ၃၀၀၀၀ တိုးမည့် လစာကို ယခုလ ဧပြီမှ စပြီး အစိုးရ၀န်ထမ်းများ ခံစားတော့မည်ဖြစ်ကြောင်း သို့သော် ချင်းပြည် နယ်တောင် ပိုင်း မင်းတပ်မြို့ပေါ်တွင်မူ ၀န်ထမ်းများ လစာသစ်မထုတ်ခင် စားကုန် တွေ ဈေးတက်လာကြောင်း သိရသည်။

“လစာတိုးလာမည့် သတင်းကြားကြားချင်း စားကုန်က တခါတည်း တက်တော့ တာပဲ၊ အစိုးရ ၀န်ထမ်းတွေအတွက် က နည်းနည်း ချောင် လာမှာဖြစ်ပေမဲ့ သာမန် ဆင်းရဲသားတွေအတွက်က အခက်တွေ့တာပေါ့” ဟု ဒေသခံ လူငယ်တဦးက ပြောသည်။

ယခင် အမဲသား တပိသာ ကျပ်ငွေ ၅၀၀၀ နှင့် ၀က်သား တပိသာ ၄၀၀၀ မှ ကျပ်ငွေ ၁၀၀၀ စီ၊ ဆန် အညံ့စား တပြည် ၆၀၀၊ အလတ်စား ၇၀၀ မှ ကျပ်ငွေ ၅၀ စီ နှင့် စားဆီ တပိသာ ၃၀၀၀ မှ ၃၅၀၀ ထိ တက်လာ သည် ဟု သိရသည်။

“ အစိုးရသတ်မှတ်ချက်က ၀က်သားကို ကျပ်ငွေ ၃၀၀၀၊ အမဲသားကို ကျပ်ငွေ ၃၅၀၀ သတ်မှတ်ပေမဲ့ သားသတ်ခုံပိုင် ရှင်တွေက မလိုက် နာ ဘူး” ဟု ဆက်ပြောသည်။

ဝန်ထမ်းမဟုတ်သည့် ဒေသခံပြည်သူများသည် တနေ့ လုပ်ခ ၁၅၀၀ – ၂၀၀၀ သည် ပုံမှန်ဖြစ်နေခြင်း ကြောင့် အင်မတန် အခက်တွေ့နေကြကြောင်း သိရသည်။

“ကျတော် တနေ့ ၁၅၀၀ – ၂၀၀၀ အကြားလုပ်ခရတယ်၊ မိသားစုက ၅ယောက်နော်၊ တနေ့ ဆန်နှစ် ပြည်ကုန် တယ်၊ ၁၃၀၀ ပေါ့၊ ကျန် ၇၀၀ က ဘာမှလည်း မ၀ယ်နိုင်ဘူး” ဟု မင်းတပ်မြို့အရှေ့ပြင် ရပ်ကွက်က ပြည်သူ တဦး ပြောသည်။

အလားတူ မတူပီမြို့တွင်လည်း တချို့ ကုန်ဈေးနှုန်းများ တက်လာနေပြီဖြစ်ကြောင်း သိရသည်။

No comments: