Saturday, March 31, 2012

လားရှိုးမြို့နယ် မဲရုံအချို့ လက်နက်ကိုင်အဖွဲ့မှ ပိတ်ပင်ရန် ကြိုးပမ်း

KNG

ရှမ်းပြည် မြောက်ပိုင်း လာရှိုး မြို့နယ် အ မှတ် (၃) မဲ ဆန္ဒနယ် အ တွင်းရှိ မဲရုံ အချို့တွင် ကြားဖြတ် ရွေးကောက်ပွဲမပြုလုပ်ရန်ဒေသ တွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့တခုက ပိတ် ပင် လိုက်သည် ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း ဒေသခံ များက ပြောသည်။

တန့်ယန်း မြို့နယ်ရှိ ကျေးရွာ အုပ်စု (၁၀) ခုမှ မဲရုံ (၁၁) ခု အား ရှမ်း ပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည် တိုးတက်ရေးပါ တီ SS A/ SSPP တပ်ဖွဲ့က ပိတ်ပင်ရန်စာပို့လိုက်ခြင်းဖြစ်သည်ဟု တန့် ယန်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဦးဖီး လစ် ၀င်းက ပြော ကြောင်း တန့်ယန်းမြို့မှ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါ တီ အောင်နိုင်ရေး လုပ်ငန်း များကို ဆောင်ရွက် နေသူ တဦးက အခုလို ပြောသည်။

“အဲဒီမှာ ၀င်ခွင့် မပေးဘူး လို့ SSA က ပြောတယ်တဲ့။ အဲဒါကို တန့်ယန်း ကော်မရှင်က ခရိုင်နဲ့ ပြည်နယ် ကော်မရှင်ကို စာတင် ထားပြီ တဲ့။”

ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ပြောကြားလိုက်သည်ဟု လားရှိုးမြို့နယ် အမှတ်(၃) မဲဆန္ဒနယ် တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်က ပြောသည်။

“ကျနော်ခရိုင်ကော်မရှင်နဲ့တွေ့တယ်။ အခု အဲဒီရွေးကောက်ပွဲနေရာ မဲရုံပိတ်ဖို့ဆိုတာ အချိန်လည်းမရှိတော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆက်လုပ်သွားမယ်။ မဲရုံဖွင့်မယ်၊ လူစုမယ်၊ လုံခြုံရေးတွေတိုးမြင့်မယ်လို့ ခရိုင်ကော်မရှင်က ပြောပါတယ်။”

လုံခြုံရေး အကြောင်းပြချက်ဖြင့် SSA/ SSPP တပ်ဖွဲ့က တားမြစ်ခြင်း ဖြစ်သော်လည်း ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပသွား မည်ဟု ကော်မရှင်ကပြောဆိုခဲ့သည်။

ယင်းကိစ္စ SSA/ SSPP ထံ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရှမ်းပြည်မြောက်ပိုင်းရှိ အမှတ် (၃) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွင်းရှိ လားရှိုး၊ သိန္ဒီ၊ ကွမ်လုံ၊ မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကိုးကန့်အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ နှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်။

လွန်ခဲ့သည့် မတ်လ (၂၈) ရက်နေ့က အမှတ်(၃) မဲဆန္ဒနယ်အတွင်းရှိ သိန္ဒီမြို့မှ မူဆယ်မြို့သို့ သွားသည့် တံတားနှင့် သိန္ဒီမှ ကွန်းလုံမြို့ သို့သွားသည့် တံတားအောက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

No comments: