Friday, March 30, 2012

စာပေစိစစ်ရေးက မန္တလေးဂျာနယ်တခုကို တပတ်ပိတ်

အေး​နိုင်

မန္တလေး အခြေစိုက် မြနန္ဒာ စီးပွား ရေးနှင့် ယဉ် ကျေးမှု ဂျာနယ်က တနင်္ဂ နွေနေ့ ဖြန့်ချိမယ့် ဂျာနယ်ကို မြန်မာ နိုင်ငံ စာပေ စိစစ် ရေးက တား မြစ် လိုက်တယ်လို့ ဂျာနယ် တာဝန် ရှိသူ တဦးက ပြောပါ တယ်။

မြန်မာ နိုင်ငံ စာပေ စိစစ် ရေးက တာဝန် ရှိသူ တဦးက မြနန္ဒာ ဂျာနယ် လာမယ့် တပတ် မထုတ်ဘဲ နားထားဖို့ မတ် ၂၉ နေ့လည် မှာ ဖုန်း ဆက် အသိပေး တယ်လို့ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုလင်းလင်း ထွန်းက ပြောပါ တယ်။ ဒါပေမယ့် တရားဝင် တားမြစ် စာ တော့ မရ ရှိသေး ဘူးလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ သီတင်း ပတ်က သူတို့ ဂျာနယ်က ဖော်ပြတဲ့ ဆောင်းပါးနဲ့ သတင်း မှာ ရွေးကောက်ပွဲ သတင်းနဲ့ ဆောင်းပါး ပါရှိ ခဲ့တဲ့ အ ပေါ်တား မြစ် တာလို့ ဆိုပါတယ်။

မြနန္ဒာဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုလင်းလင်းထွန်းက “မဲရေတွက်မှု ကိစ္စတွေ ရယ်၊ ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းတွေကို ကျ နော်တို့က သတင်းဆောင်းပါး အနေနဲ့ရော၊ သတင်းအဖြစ်နဲ့ပါ ဂျာနယ်မှာ ဖော်ပြတဲ့ အတွက် တနင်္ဂနွေကို နားဖို့ ပြောပါတယ်။”လို့ ရှင်း ပြပါတယ်။

မြနန္ဒာဂျာနယ်ဟာ မြန်မာနိုင်ငံစာပေစိစစ်ရေးကို ဂျာနယ်ထုတ်ပြီးမှ တင်နိုင်တဲ့ စီးပွား ရေးနဲ့ယဉ်ကျေးမှု အမျိုးအစား ဂျာနယ်ဖြစ်ပြီး ဒီနှစ် ဆန်းပိုင်းက စတင်ထုတ်ဝေပြီး ရန်ကုန်နဲ့ မန္တလေးကို ဖြန့်ဝေနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ဆောင်းပါးတပုဒ်နဲ့ စပ်လျဉ်းပြီး မော်ဒန်ဂျာနယ်ကို အစိုးရ တာဝန်ရှိသူတဦးက တရားစွဲဆိုခဲ့ပြီးမှ ကျေ အေး ခဲ့ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ် ရေးဌာနကို မကြာခင် ကာလအတွင်းမှာ ဖျက် သိမ်းတော့မယ်လို့ ထုတ်ဖော်ပြောကြား ထားပါတယ်။

No comments: