Thursday, March 29, 2012

ဆီး​နိတ်အမတ် ဂျင်ဝက်ဘ် မြန်မာပြည် ထပ်သွား​မည်

ဒီဗွီဘီ

အ​မေ ရိကန် နိုင်ငံ​ရေး ​လောကမှာ ဩဇာ ကြီး​တဲ့​ အထက် လွှတ်​တော် ဆီး​နိတ် အ မတ် မစ္စတာ ဂျင်ဝက် ဘ်ဟာ မြန်မာ ပြည်ကို မကြာခင် ရက်ပိုင်း​မှာ လာ​ရောက်ဖို့​ ရှိပါ တယ်။

တနင်္ဂ​ နွေမှာ စတင်မယ့်​ သူ့​ရဲ့​ ၁၂ ရက်ကြာ အာရှ ခရီး​မှာ မြန်မာ ပြည်ကို လည်း​ လာ​ရောက်ဖို့​ ရှိတဲ့​ အကြောင်း​ကို မစ္စတာ ဂျင်ဝက် ဘ်ရဲ့​ ရုံး​က ​ကြေညာ လိုက်တာပါ။ အ​မေရိကန် အစိုး ​ရရဲ့​ အ​ရှေ့​ အာရှနဲ့​ ပစိဖိတ်​ ရေး​ရာ ​ကော်မတီ ရဲ့​ ဥက္ကဋ္ဌ မစ္စတာ ဂျင် ဝက် ဘ်ဟာ အ​မေရိ ကန်ရဲ့​ မြန်မာ ပြည်ဆိုင်ရာ မူဝါဒကို အ​ပြောင်း​ အလဲ ဖြစ်​အောင် အဓိက တွန်း​အား​ ပေး​ခဲ့​သူ အဖြစ် လူသိများ​ ပါတယ်။

အထူး​ သဖြင့်​ အာရှနဲ့​ ပစိဖိတ်​ ဒေသမှာ တရုတ် ဩဇာ ကြီး​မား ​လာတာကို ထိန်း​ချုပ် နိုင်ဖို့​ အ​မေရိကန် အစိုး​ရ အ​နေနဲ့​ မြန်မာ ပြည်နဲ့​လည်း​ ဆက်ဆံ​ရေး​ ပြန်လည် ထူ​ထောင် သင့်​တယ်လို့​ အကြံ​ ပေး​ခဲ့​သူ ဖြစ်ပါ တယ်။

မစ္စတာ ဂျင်ဝက်ဘ်ဟာ ၂၀၀၉ ခုနှစ်တုန်း​ကလည်း​ မြန်မာပြည်ကို ပထမဆုံး​ အကြိမ် သွား​ရောက်ခဲ့​ပြီး​၊​ အဲဒီအချိန်က နအဖ အစိုး​ရအဖွဲ့​ အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ရော ​နေအိမ်အကျယ်ချုပ် ကျခံ​နေရတဲ့​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ပါ ​တွေ့ဆုံ ​ဆွေး​နွေး​ခဲ့​ဖူး​ပါတယ်။

လက်ရှိ အ​မေရိကန် အဆင့်​မြင့်​အရာရှိ​တွေထဲမှာ​တော့​ သူဟာ မြန်မာပြည်ကို အ​စောဆုံး​ ​ရောက်ခဲ့​သူပါ။ ကမ္ဘာမှာ အဆိုး​ဆုံး​ အာဏာရှင် တ​ယောက်အဖြစ် သတ်မှတ်ခံထား​ရတဲ့​ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​သူပါ။

ဗာဂျီး​နီး​ယား ​ပြည်နယ် ဒီမိုကရက် အမတ် ဂျင်ဝက် ဘ်ဟာ သူ့​ရဲ့​ အာရှ ခရီး​ စဉ်မှာ ထိုင်း​နဲ့​ ဂျပန် နိုင်ငံ တိုကျို မြို့​နဲ့​ အိုကီနာဝါ ကျွန်း​တို့​ကိုလည်း​ သွား​ရောက် လည်ပတ် မယ်လို့​ သိရ ပါတယ်။

No comments: