Wednesday, March 28, 2012

ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆု ရ

ဒီဗွီဘီ

ရန်ကုန် အ​ခြေစိုက် ကရင်အမျိုး​သမီး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ (Karen Women Action Group)က အမှု​ဆောင်ညွှန်ကြား​ရေး​မှူး​ ​နော်စူစန်နာလှလှစိုး​ကို Inter Action ​ခေါ် အ​မေရိကန် အ​ခြေစိုက် နိုင် ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့​က လူသား​ချင်း​စာနာမှုနဲ့​ဆိုင်တဲ့​ ထူး​ချွန်ဆု ချီး​မြှင့်​ဖို့​ ​ရွေး​ချယ်လိုက်ပါတယ်။

ကမ္ဘာတဝန်း​မှာရှိတဲ့​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​ အဖွဲ့​အစည်း​တွေမှာ ထူး​ထူး​ချွန်ချွန်နဲ့​ ​ခေါင်း​ဆောင်နိုင်တဲ့​သူ​တွေကို အဖွဲ့​က နှစ်စဉ် ဆု​ပေး​အပ်ရာမှာ ၂၀၁၂ အတွက် ​ရွေး​ချယ်ခံရသူ​တွေထဲမှာ ​နော်စူစန်နာလှလှစိုး​လည်း​ တဦး​အပါအဝင် ဖြစ်တယ်လို့​ Inter Action အဖွဲ့​ရဲ့​ အင် တာ နက် စာမျက်နှာ​ပေါ်မှာ ​ရေး​သား​ထား​ပါတယ်။

နော်လှလှစိုး​ဟာ မြန်မာနိုင်ငံမှာ အမျိုး​သမီး​နဲ့​ က​လေး​တွေ ကျန်း​မာ​ပျော်ရွှင်စွာ ​နေထိုင်နိုင်​ရေး​အတွက် တက်ကြွစွာ ​ဆောက်ရွက်​နေသူ ဖြစ် ပြီး​ မိသား​စု​တွေအတွက် အ​သေး​ စား​ချေး​ငွေ အစီအစဉ်​တွေ၊​ က​လေး​တွေအတွက် ပညာ​ရေး​ အကူအညီ အ​ထောက်အပံ​တွေ၊​ နဲ့​ သ ဘာဝ​ဘေး​ခံရသူ​တွေအတွက် အ​ရေး​ပေါ် ကယ်ဆယ်​ရေး​ လုပ်ငန်း​တွေ ​ဆောင် ရွက် ခဲ့​တယ်လို့​ ဆိုပါတယ်။

နော်လှလှစိုး​ဟာ ဒီဆုကို ​မေ ၁ ရက်​နေ့​မှာ လက်ခံရ ယူမယ်လို့​လည်း​ သိရပါတယ်။

အ​မေရိကန် အ​ခြေစိုက် အစိုး​ရမဟုတ်တဲ့​ နိုင်ငံတကာ လူမှု​ရေး​အဖွဲ့​အစည်း​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ Inter Action အဖွဲ့​မှာ အန်ဂျီအို အဖွဲ့​အစည်း​ပေါင်း​ ၁၉၀ ​ကျော်ပါဝင်ပြီး​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေမှာ ဆင်း​ရဲမှု တိုက်ဖျက်​ရေး​၊​ လူ့​အခွင့်​အ​ရေး​ တိုး​တက်​အောင် ​ဆောင်ရွက်​ရေး​ စတာ​တွေကို လုပ်ကိုင် ​ဆောင်ရွက်​ပေး​နေပါတယ်။

No comments: