Saturday, March 31, 2012

ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည်သူများ​ ​ပြောကြား

ရွှေအောင်

၂၀၁၂ ကြား​ဖြတ်​ ရွေး​ကောက် ပွဲအတွက် လစ်လပ် မဲ ဆန္ဒနယ် ၄၅ ခု စလုံး​မှာ ကြိုတင်မဲ ​ပေး​ချင် တဲ့​သူ ​တွေအတွက် မတ် ၃၀ နဲ့​ ၃၁ ရက်​ တွေမှာ ကြို တင် မဲ​တွေ စတင် ​ပေး​နေ ကြ ပြီ ဖြစ်ပါ တယ်။

ရွေး​ကောက်ပွဲ​ ကော်မရှင်ရဲ့​ ထုတ်ပြန် ချက်အရ မဲရုံ တာဝန် ကျတဲ့​ ဝန်ထမ်း​၊​ တာဝန်နဲ့​ ခရီး​ ထွက်ရ မယ့်​ ဝန်ထမ်း​တွေ အပါ အဝင် သက် ကြီး​ ရွယ်အို​တွေ၊​ ကျန်း​မာ​ရေး​ ချို့​ယွင်း ​နေတဲ့​ သူ​တွေ၊​ အချုပ် ကျ​နေတဲ့​ သူ​တွေက ကြို တင်မဲ ​ပေး​ခွင့်​ ရတာ ဖြစ်ပါတယ်။

ဧရာဝတီ တိုင်း​ဒေ သကြီး​ ပုသိမ်မြို့​ နယ် ထဲက ရပ်ကွက် တချို့​မှာ ဒီက​နေ့​ မနက်က ကြိုတင်မဲ ​ပေး​ရာမှာ မဲရုံ တာဝန် ရှိသူ​ တွေက ပါတီ ကိုယ်တာ ဝန်ရှိသူ ​တွေကို ဟန့်​တား ​မှု​တွေ ရှိခဲ့​ တယ်လို့​ အန်အယ်လ် ဒီပါတီ ကိုယ်စား​ လှယ်​လောင်း ​က ​ပြောပါ တယ်။

ကြိုတင်မဲ​ပေး​တဲ့​အတွက် ပါတီကိုယ်စား​လှယ်​လောင်း​တွေ မဲရုံကို ​စေလွှတ်ပြီး​ ​စောင့်​ကြည့်​ခိုင်း​ရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူ​တွေ က အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​ရဲ့​ ကိုယ်စား​လှယ် ၂ ဦး​ကို မဆိုင်ရင် ဝင်မရှုပ်နဲ့​လို့​ ခြိမ်း​ခြောက် တား​မြစ်တယ်လို့​ အန်အယ် လ်ဒီ ကိုယ်စား​လှယ် ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကြိုတင်မဲ​တွေ​တော့​ ​ပေး​ပြီး​ဗျ၊​ တချို့​ရပ်ကွက်က​တော့​လည်း​ မှန်မှန်ကန်ကန်​ပေါ့​လေ။ တချို့​ရပ်ကွက်က မဟုတ်ဘူး​။ ဟိုတုန်း​က အကျင့်​ ရှိ​သေး​တယ်။ ကျ​နော်တို့​ဆီက မဲရုံကိုယ် စား​ လှယ်၊​ အကူကိုယ်စား​လှယ်​တွေကို အဲဒီ ကြိုတင်မဲကို ​စောင့်​ခိုင်း​ထား​တဲ့​အခါမှာ ဘာမှ ကြည့်​ခွင့်​ သိခွင့်​မရှိ​အောင် ဟိန်း​ဟောက်ထား​ပြီး​ ဘာမှကြည့်​စရာ မလိုဘူး​၊​ သိစရာမလိုဘူး​ ဆိုပြီး​ပြောဆို တာကို ကျ​နော့်​ဆီ ​ရောက်လာပြီး​ ​ပြောပြ​တော့​ ​ကော်မရှင်ဆီကို တခါတည်း​ ဆက်ပြီး​တော့​ ဒီလို မလုပ်ပါနဲ့​ ခင်ဗျား​တို့​ ​အောက်​ခြေက ​ကော်မရှင်​တွေ ဒီလိုဖြစ်​နေတယ်ဆိုပြီး​ လှမ်း​ အ​ကြောင်း​ကြား​ ရ​သေး​တယ်။”

ပုသိမ်မြို့​မှာ ​ရွေး​ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း​ရုံး​နေတဲ့​ ​နေရာမှာလည်း​ သက်ဆိုင်ရာ​ဒေသ အာဏာပိုင်တချို့​နဲ့​ ဒု-ဝန်ကြီး​အဆင့်​ ရှိသူတဦး​ဟာ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်အတွက် မဲဆွယ်ခဲ့​တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သိက္ခာချတဲ့​ စာရွက်စာတမ်း​တွေကို မြို့​နယ်ထဲမှာ ဖြန့်​ဝေတာမျိုး​လည်း​ ရှိ​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

အလား​တူ ဧရာဝတီတိုင်း​ ဖျာပုံမြို့​ပေါ်က ရပ်ကွက်တချို့​မှာလည်း​ ဒီ​နေ့​ ကြိုတင်မဲ ​ပေး​ခဲ့​ကြရာမှာ လျို့​ဝှက် ကြိုတင်မဲကိုပိတ်ထား​တဲ့​အိပ်မှာ ချိတ်​တွေ ကွာ​နေပြီး​ ပွင့်​နေတာကို ​တွေ့​ရတယ်လို့​ ဖျာပုံ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင်က ​ပြောပါတယ်။

“ဒီ​နေ့​မှာ ၁၀ ရပ်ကွက်၊​ ၈ ရပ်ကွက်၊​ ၁၄ ရပ်ကွက်၊​ ၉ ရပ်ကွက်​တွေဆီကို သွား​ပြီး​စုံစမ်း​တော့​ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီး​တော့​ ​ကောက်ခံတဲ့​အခါမှာ ချိတ်ပိတ်ထား​တဲ့​ စာအိတ်​တွေက ​ဘေး​တ ဖက်တချက်မှာ ပွင့်​နေတယ်။ ဒါကို သွား​တွေ့​တဲ့​အခါ ​ကော်မရှင်ကို သူတို့​ ​ပြောတယ်​ပေါ့​။ တချို့​ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌက ပြင်​ပေး​တယ်။ ဥပမာ – ၉ ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီး​တော့​ ပြင်​ပေး​တယ်။ တချို့​ ရပ်ကွက်​တွေက​တော့​ ပြင်မ​ပေး​သေး​ဘဲနဲ့​ ဒီအတိုင်း​ ထား​ထား​တယ်’လို့​ပြောပါတယ်။

ဒါ့​ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်​ကော်မရှင် တံဆိပ်တုံး​နဲ့​ လက်မှတ်​တွေ မပါဝင်​ကြောင်း​ ​တွေ့​ရပြီး​ ကိုး​အိမ်တန်း​ကျေး​ရွာမှာ​တော့​ ကြိုတင်မဲ ​ကောက်ခံတဲ့​ အခါမှာ ပါတီကိုယ်စား​လှယ်​တွေကို လိုက်ပါခွင့်​ မရှိဘူး​ ဆိုပြီး​ ရပ်ကွက်​ကျေး​ရွာ ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တော့​ ​အော်​ငေါက်ပြီး​ ​ပြောတာမျိုး​တွေလည်း​ ​တွေ့​ရပါတယ်။”လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေရဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင် ​ပြောပါတယ်။

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်အတွင်း​မှာ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်က ကြိုတင်မဲ ​ကောက်ယူမှုဟာ တရား​ဥပ​ဒေနဲ့​ မကိုက် ညီ ဘဲ မသမာတဲ့​ဘက်ကို ဦး​တည်​နေတယ်လို့​ အန်အယ်လ်ဒီ အမတ်​လောင်း​ ​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

“အန်တီတို့​မြို့​နယ်မှာ မနက်ကတည်း​က ကြိုတင်မဲ​တွေ ရွာတိုင်း​စေ့​ လိုက်ပြီး​ ​ကောက်​နေကြပြီ။ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တောမှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​မှ ကြိုတင်မဲကို ​ကောက်​နေတယ်။ ဥပ​ဒေအရ ဆိုလို့​ရှိရင် ကြိုတင်မဲ ​ပေး​ချင်တဲ့​လူက ​ကော်မရှင် ကို အ​ကြောင်း​ကြား​မှ ​ကော်မရှင်က​နေ ကြိုတင်မဲ ​ပေး​ချင်တဲ့​ လူရဲ့​အိမ်ကို သွား​ပြီး​တော့​ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့​ ​ကျေး​ရွာ​ကော်မရှင်က​နေပြီး​တော့​မှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​ ကြိုတင်မဲကို လိုက်​ကောက်​နေတာဆို​တော့​ ဒါ ဥပ​ဒေနဲ့​ လုံး​ဝ မညီညွတ်ဘူး​’လို့​ပြောပါတယ်။

ဒီကိစ္စကို မြို့​နယ်​ကော်မရှင်ကို တင်ပြထား​ပေမယ့်​ အ​ရေး​ယူ ​ဆောင်ရွက်တာ မရှိဘူး​တဲ့​ အ​ကြောင်း​နဲ့​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဖြစ်​နေတဲ့​အ​ကြောင်း​လည်း​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

ရှမ်း​ပြည်နယ် က​လောမြို့​နယ်ဟာ တပ်နယ်ဆို​ပေမယ့်​ မြို့​နယ်ထဲ ကြိုတင်မဲ​ပေး​တဲ့​သူ အ​ရေအတွက် ​ပြောပ​လောက်​အောင် မရှိဘူး​လို့​ သိရ ပါတယ်။ မြို့​နယ်အတွင်း​ မဲ​ပေး​ပိုင်ခွင့်​ ရှိသူ​ပေါင်း​ ၉ ​သောင်း​ကျော် ရှိတဲ့​အနက် တပ်မ​တော်သား​ မဲ​ပေး​နိုင်သူ​ပေါင်း​က​တော့​ ၁ ​သောင်း​ကျော်ပဲ ရှိပြီး​တော့​ တိုင်း​ရင်း​သား​မဲက အများ​စု ဖြစ်တဲ့​အတွက် တိုင်း​ရင်း​သား​ပါတီ​တွေ အ​ခြေအ​နေ ​ကောင်း​နိုင်တယ်လို့​ ကျား​ဖြူပါတီ ကိုယ်စား​လှယ် ဦး​စပ်သာဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

No comments: