Saturday, March 31, 2012

ကလောမြို့နယ် ကြိုတင်မဲအခြေအနေ

မွေခေါဝ်

ကလောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ယမန်နေ့နှင့်ယနေ့ ကြိုတင်မဲများ ပေးလျက် ရှိသည်။ သက်ဆိုင်ရာ ကျေးရွာ အုပ်စုကော်မရှင်ရုံးများ၌ ကြိုတင်မဲထည့်ရပြီး တစ်ရုံးလျှင် မဲအရေအတွက် ၃၅ စောင်မှ အစောင် ၄၀ ထိသာ ပေးထားသည်ဟုဆို၏။

“ကြိုတင်မဲတွေ အများကြီးမပေးထားဘူး။ နာမကျန်းဖြစ်နေတဲ့သူတွေ ဝန်ထမ်းတွေ မဲရုံမှူးတွေ ကြိုတင်မဲ ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ဘဲ ပေးထားတယ်။ အခြေအနေကောင်းပါတယ်။ ဒီနှစ်ရက်အတွင်း ကြို တင်မဲထည့်တဲ့သူလဲ လွတ်လပ်တယ်လို့ ပြောလို့ရတယ်” ဟု ကျား ဖြူပါတီကိုယ်စားလှယ်လောင်း စဝ်သာဦး က ပြောသည်။

ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့နယ်အတွင်း မဲရုံပေါင်း ၁၃၁ ရုံ ထားရှိသည်ဟု သိရှိရသည်။

No comments: