Saturday, March 31, 2012

ကော့​မှူး​မြို့​နယ်မှာ မဲဆွယ်သည့်​ ကြံ့​ခိုင်​ရေး​ပါတီနှင့်​ ​ဒေသခံများ​ ပြဿနာဖြစ်

ရွှေအောင်

ရန်ကုန်တိုင်း​ ​ကော့​မှူး ​မြို့​နယ် ထဲမှာ ကြံ့​ခိုင်​ရေး​ပါတီက ​မော်​တော် ယာဉ်​တွေနဲ့​ လှည့်​လည် မဲဆွယ်ရင်း​ ​ဒေသခံ​ တွေကို ဆဲဆို ရန်စ တာ​တွေ ပြုလုပ်​ နေတယ်လို့​ ​ကော့​မှူး​ အန်အယ်လ်ဒီ ​အောင်နိုင်​ရေး​ တာဝန်ခံ ဦး​အေး​သိန်း​က ​ပြောပါတယ်။

“ကြံ့​ခိုင်​ရေး​ ပါတီက ပြည်သူ​ တွေနဲ့​ ဖြစ်တာပါ။ ကျ​နော် တို့​နဲ့​တော့​ မဟုတ် ပါဘူး​။ သူတို့​လည်း​ လှည့်​လည်​ရေး​ လမ်း​ကြောင်း​ ကျ​နော်တို့​လည်း​ လှည့်​လည်​ရေး​ လမ်း​ကြောင်း​ ရှိတယ်​လေ။ ကျ​နော်တို့​ က​လေး​တွေ အကုန်လုံး​ အပါ အဝင် ထိပ်တိုက် မ​တွေ့​အောင် ကျ​နော် တို့​က​တော့​ ​ရှောင်​ရှောင်​ ပေး​နေ ရပါတယ်။ ဘာလို့​လဲ ဆို​တော့​ ကျ​နော်တို့​က ဒီပွဲကို အပျက် မခံ နိုင်ဘူး​လေ။ ကျ​နော် တို့​က ကျိမ်း​သေ နိုင်မှာ သူတို့​က ကျိမ်း​သေ ရှုံး​မှာ သိ​နေတဲ့​ အခါ ဒီပွဲကို သူတို့​ ပျက်​စေ ချင်တဲ့​ သ​ဘောနဲ့​ ရန်စ တာ​တွေ၊​ မခံ ချင်​အောင် လုပ်​တာ​တွေ အများ​ကြီး​ ​တွေ့​နေ ရပါ တယ်။”

ဒီလိုလှည့်​လည်ရာမှာ ပါဝင်တဲ့​ လူတ​ယောက်ကို ​ငွေ ၃၀၀၀ ကျပ် ​ပေး​တယ်လို့​လည်း​ ဆိုပါတယ်။

“သူတို့​လှည့်​နေတဲ့​ထဲမှာ​တော့​ ကျ​နော်တို့​ ​ကော့​မှူး​မြို့​နယ်ကလူ နည်း​တယ်။ သူတို့​ အခြား​မြို့​နယ်က လူ​တွေကို ​ခေါ်လာတာ တ​ယောက်ကို ၃၀၀၀ ​ပေး​တယ်လို့​ ​ပြောတယ်။ ထမင်း​လည်း​ ​ကျွေး​တယ်။ သူတို့​ လက်​ဆောင် ဘာညာလည်း​ ​ပေး​တယ်​ပေါ့​။ သူတို့​က​တော့​ လူ​တွေ ငှား​လာတာ။ သို့မဟုတ် အခြား​မြို့​နယ်က မျက်နှာစိမ်း​တွေကို ​ခေါ်လာတာ။”

အဖွဲ့​ချုပ်အ​နေနဲ့​ ပြသာနာမတက်​အောင် ထိန်း​ထိန်း​သိမ်း​သိမ်း​ ​ဆောင်ရွက်​နေတယ်လို့​လည်း​ ဆိုပါတယ်။

ကော်မရှင်က ထုတ်ပြန်ထား​တဲ့​ မဲရုံနဲ့​ ကိုက် ၅၀၀ အကွာအတွင်း​ မဲဆွယ်တာ မလုပ်ရဆိုတဲ့​ အချက်ကလည်း ​ကော့​မှူး​မြို့​နယ်ထဲရှိတဲ့​ ရွာတ ချို့​အတွက် အခက်​တွေ့​နေရပုံကို ဦး​အေး​သိန်း​က ​ပြောပြပါတယ်။

“ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​မှု မလုပ်ရဘူး​ဆို​တော့​ ရွာ​တွေက ကိုက် ၂၀၀ ​လောက်​တောင် မရှိတဲ့​ ရွာ​တွေ ရှိတယ်။ မဲရုံကို ​ကျောင်းက မြို့​လယ်​ခေါင်မှာ လုပ်​တော့​ ​ကျ​နော်တို့​ ပါတီရုံး​တွေ ဆိုလည်း​ တော်​တော်ကို အခက်အခဲ​တွေ ​တွေ့​တာ ရွာပြင်ထွက်​နေရမယ့်​ကိန်း​ ဖြစ်​နေတယ်။ ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​ခြင်း​တို့​၊​ ပိုစတာတို့​၊​ ဗွီနိုင်း​တို့​၊​ ပါတီ​တွေနဲ့​ ပတ်သက်တဲ့​ စာ​တွေ ဘာမှ မရှိရဘူး​။ ​နောက်ပြီး​တော့​ လုပ်တာကိုင်တာ မရှိရဘူး​ဆို​တော့​ ကျ​နော်တို့​က ​တော်​တော်ကို အကျပ်​တွေ့​တာ​ပေါ့​။ ရုံး​ကို​တောင်မှ ကျ​နော်တို့​က ပိတ်ထား​ရမလို ဖြစ်​နေတယ်။”

ကော့​မှူး​က ဝင်ပြိုင်မယ့်​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ် ၃၁ ရက်ညမှာ ​ကော့​မှူး​မြို့​နယ်၊​ ဝါသင်္ခ​ကျေး​ရွာမှာ လာ​ရောက် ည အိပ်ပြီး​၊​ ဧပြီ ၁ ရက်​နေ့​မှာ မြို့​နယ်ထဲ မဲ​ပေး​သူ​တွေကို လိုက်လံအား​ပေး​မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်အတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ညီညွတ်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီက ဦး တင် ရီနဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ​ဒေါက်တာစိုး​မင်း​တို့​ ဝင်​ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြို့​နယ်ထဲ မဲ​ပေး​နိုင်သူ​ပေါင်း​ ၉၀,၀၀၀ ဝန်း​ကျင်ရှိပြီး​ မဲရုံ​ပေါင်း​ ၁၂၉ ခု ရှိပါတယ်။

No comments: