Saturday, March 31, 2012

နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး

နော်နိုရင်း

နေပြည်​တော် ပုဗ္ဗ သီရိ မြို့​နယ် မှာ​တော့​ ဒီတပတ် အတွင်း​မှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုး​ချဲ့​ လိုက်ပါ တယ်။

ဆန္ဒမဲ​ ပေး​သူ​တွေ တိုး​လာပြီး​ မဲ​ရေ တွက်မှု မြန်ဆန်​ အောင်ဆိုပြီး​ မဲရုံ​တွေ ထပ်တိုး​ လိုက်တာလို့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က မတ် ၂၉ ရက်က ​ပြော ဆို​ကြောင်း​ ပုဗ္ဗ သီရိမြို့​ နယ်မှာ အန်အယ်လ်ဒီ အ​နေနဲ့​ ဝင်​ရောက် ယှဉ်ပြိုင် တဲ့​ ဦး​ဖြိုး​ဇေယျာ​ သော်က ​ပြောပါတယ်။

“ကျ​နော် တို့​ဆီမှာ စုစု​ပေါင်း​ မဲရုံ ၁၈ ရုံထပ် တိုး​တယ်။ ​နောက်တိုး​တဲ့​ လူဦး​ရေ စာရင်း​ အရရယ်၊​ မဲ​ရေတွက် တဲ့​နေရာမှာ မြန်ဆန်​ ချော​မွေ့​စေဖို့​ အ တွက် ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​ အ​နေ နဲ့​က​တော့​ မတ် ၂၉ ရက်​နေ့​ကမှ ရက်ချိန်း ​ပေး​လိုက်တယ် ဆို​တော့​ မဲရုံ ကိုယ် စား​လှယ်နဲ့​ အကူ ကိုယ်စား​ လှယ်ရ ဖို့​က အ​ရေး ​တကြီး​ ပြန်လုပ် ရတယ်။ အမှန် တကယ် မဲဆန္ဒ စာရင်း​ထဲမှာ ပါသင့်​ ပါထိုက်တဲ့​ သူ​တွေ မပါ ခဲ့​ တာ​တွေ လည်း​ ရှိခဲ့​တယ်။ ဒီဟာ​တွေ အတွက် ကျ​နော် တို့​ဘက်က ပြန်ပြီး​ ​တောင်း​ဆို ထား​တဲ့​ လူဦး​ရေ စာရင်း​ တွေလည်း​ ရှိပါတယ်။ နှစ်ဖက် ညှိနှိုင်း ​ပြီး​တော့​ လူဦး​ရေ စာရင်း​တွေ ထပ်တိုး​ လာတာ လည်း​ ပါတယ်။”

ပုဗ္ဗသီရိ မြို့​နယ်အတွင်း​မှာ​တော့​ မဲဆွယ်စည်း​ရုံး​ရေး​ကား​တွေ အပြိုင်အဆိုင် မဲဆွယ်စည်း​ရုံး​ပေမယ့်​ ပြဿနာမရှိဘဲ အား​လုံး​ပြေလည် တယ် လို့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။

ပုဗ္ဗသီရိမြို့​နယ်မှာရှိတဲ့​ တိုင်း​တပ်မကို​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ မဲဆွယ်စည်း​ရုံး​ဖို့​ ​တောင်း​ဆိုထား​ပေမယ့်​ ခုချိန်ထိ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က အ​ကြောင်း​မပြန်​သေး​လို့​ မဲဆွယ်စည်း​ရုံး​နိုင်​တော့​မှာ မဟုတ်​ကြောင်း​ ​ပြောပါတယ်။

သူ့​အ​နေနဲ့​ ​ရွေး​ကောက်ပွဲရက်မတိုင်ခင် ရွာ​တွေအထိ လိုက်လံစည်း​ရုံး​မှု လုပ်​နေပြီး​ တက်ကြွလှုပ်ရှား​သူ​တွေ ရှိ​ပေမယ့်​ တချို့​ရွာသား​တွေက​တော့​ ​ကြောက်ရွံ့​မှု ​အောက်မှာပဲ ရှိ​သေး​ကြောင်း​ကို ဦး​ဖြိုး​ဇေယျာ​သော်က ဒီဗွီဘီကို ​ပြောပါတယ်။

No comments: