အေးနိုင်
လုပ်အားခ တိုးမြှင့် ရရှိရေး ဆန္ဒပြဖို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း တိုင်ရီ ဖိနပ် စက်ရုံ အလုပ် သမား တွေရဲ့ ကြိုးပမ်း မှုကို အုပ်ချုပ် ရေး အာ ဏာပိုင် တွေက တားမြစ်မှု အပြီး ရုန်းရင်းဆန် ခတ်မှု ဖြစ်ပွား ရာမှာ မြို့နယ် အုပ်ချုပ် ရေးမှူး ဖြစ်သူ ဒဏ်ရာ အနည်းငယ် ရသွား ပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားကြည့်သူ တဦးကို နေ့လည် ၁၂ နာရီမှာ ဆက်သွယ် မေးမြန်းထားပါတယ်။
အခု တိုင်ရီစက်ရုံရှေ့မှာပေါ့။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောပြပါဦး။
“အလုပ်သမားတွေ တောင်းဆိုတဲ့အချက် မပြေလည်တဲ့အတွက် ဆက်ပြီး ဆန္ဒပြဖို့ လုပ်တာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူးက လာ တားတယ်။ လမ်းပေါ်မှာ ဆန္ဒပြတာဟာ ဥပဒေအရ တရားမဝင်ဘူး။ တရားမဝင်တဲ့အတွက် ဆန္ဒပြလို့ မရတဲ့အကြောင်းကို လာပြော တယ်။ အလုပ်သမားတွေက မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အရင်က ညှိခဲ့တာမှာ အဆင်မပြေတဲ့ အခံရှိခဲ့တဲ့ အတွက် သူတို့ ညှိတာကို လက် မခံတော့ဘဲ ခဲတွေနဲ့ပေါက်တာတို့၊ တွန်းထုတ်တာတို့ လုပ်လိုက်တယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးဆိုတဲ့ လူရဲ့ဗိုက်မှာ ပွန်းရှဒဏ်ရာ တခု ရသွားတယ်။ ရဲတွေက အလုပ်သမားတွေနဲ့ ကိုက် ၅၀၊ ၁၀၀ လောက် ကို ပြန်ဆုတ်လိုက်တယ်။ ပြီးတော့ အခြေအနေကို ထိန်းဖို့အတွက်ဆိုပြီး လုံထိန်းတွေကို ခေါ်လိုက်တယ်။ ဒါပေမယ့် နောက်ပိုင်း ဘာမှမဖြစ်တော့ဘဲ မြို့နယ်အလုပ်သမားရုံးနဲ့ ညှိတဲ့အဆင့်လုပ်နေတဲ့အတွက် လုံထိန်းတွေက ပြန်ရုပ်သွားတယ်။ ပြဿနာ အကြီးအကျယ် မတတ်တော့လို့ပေါ့။ ဒါက နောက်ဆုံး အခြေအနေပါ။ ၁၁ နာရီ ၁၅ မိနစ်မှာ လုံထိန်းတွေ ပြန်ရုပ်သွားတာပါ။ သူတို့ရောက်လာတာက ၉ နာရီ ဝန်းကျင် ရောက်လာတာ။ ပြဿနာတတ်တာက ၉ နာရီကျော်မှာ ဖြစ်တာပါ။ အလုပ်သမား အင်အားက ၅၀၀ ကျော်လောက်တော့ ရှိမယ်။”
အခု အလုပ်သမားတွေ ဘယ်ရောက်သွားပါလဲ။
“အခုထိ ဆက်ညှိနေတုန်းပဲ။”
တိုင်ရီအလုပ်သမားတွေက သူတို့ရဲ့ လုပ်အားခနစ်နာမှုနဲ့ ပတ်သက်ပြီး ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးလိုက်တဲ့ လုပ်ခ လ စာနဲ့ ပတ်သက်ပြီး မကျေနပ်တာလား။ ဘယ်လိုဖြစ်တာပါလဲ။
“ဟုတ်ပါတယ်။ ဝါဏိဇ္ဇခုံရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့လူတွေက ဆက်ဆန္ဒပြတာ။”
လက်ရှိတည်ဆဲ ဥပဒေအရ ဝါဏိဇ္ဇခုံရုံးကို တတ်ပြီးပြီ ဆိုရင် ဆန္ဒပြခွင့် မရှိတော့ဘူးလို့ ကြားသိရတယ်။ ဒီကိစ္စက ဟုတ်ပါ သ လား။
“ဥပဒေအရတော့ ဟုတ်ပါတယ်။ အလုပ်သမားတွေဘက်က အခွင့်အရေး အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့လုပ်ပိုင်ခွင့်ထဲမှာ ဆန္ဒပြခွင့်ရှိတယ်လေ။ မရမချင်း ကြိုးစားခွင့်ရှိတယ်။”
ဆန္ဒပြအလုပ်သမားတွေက လုန်ငန်းခွင်မဝင်ဘဲ နေကြတော့ ဝင်ငွေ ဘယ်ကရကြပါလဲ။
“ဒါ အခက်အခဲ ရှိနေပါတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ပြီးပြီ ဆိုပေမယ့်လည်း ဘဏ္ဍာရေးပိုင်းမှာ တောင့်တင်းမှုလည်း ရှိတာမဟုတ်တော့ အခက်အခဲတော့ ရှိတယ်။ အလုပ်သမားတွေထဲမှာ မိသားစုနဲ့ နေထိုင်တဲ့သူတွေ ပါသလို၊ အဆောင်မှာနေတဲ့ လူတွေလည်း ရှိတော့ ဆန္ဒ ပြတဲ့ ရက်ကလည်း ကြာလာပြီဆိုတော့ နေရေးထိုင်ရေးလည်း အခက်အခဲရှိတာ သေချာပါတယ်။”
No comments:
Post a Comment