နော်နိုရင်း
နေပြည်တော် ဇမ္ဗူ သီရိမြို့ နယ်မှာ တော့ ကြိုတင်မဲကောက်ခံ ရမှာ ကြံ့ခိုင်ရေး ပါတီကို မဲထည့် ပါဆိုတဲ့ တိုက်တွန်း ပြောဆိုမှုတွေ ရှိပေမယ့် ပြဿနာ ကြီးတွေ ဖြစ်တာမျိုး မရှိ ဘူးလို့ အန် အယ်လ်ဒီ ပါတီ ကိုယ်စား လှယ်အ နေ နဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။
မတ် ၃၀ ရက် နေ့က ကောက်ခံတဲ့ ကြိုတင် မဲစာရင်း အရ ကြိုတင်မဲ ပေးသူပေါင်း ၄၁၅ ဦး ရှိပြီး သူ့စာ ရင်းနဲ့ ကိုက်ညီမှု ရှိတယ်လို့ ဒေါ် စန္ဒာမင်းက ပြောပါတယ်။
“ကြိုတင်မဲ ကောက်တယ်ဆိုတာ ကျမတို့ကောက်တာ မဟုတ်ဘူး။ ရပ် ကွက် ကော်မရှင်ကနေ ကောက်တာဖြစ်တယ်။ မနေ့ကဆိုရင် ကျမ တို့ မ သိလိုက်တော့ အနောက်ကနေ လိုက်မကြည့်နိုင်ဘူး။ ဒီနေ့မှာတော့ ကျမ တို့ ကြည့်ခွင့်ရပါတယ်။ ကျမတို့အဖွဲ့တွေလည်း ကြိုတင်မဲ သွားကောက်တဲ့ နေရာမှာ လိုက်ပါခဲ့ကြတယ်။ အခက်အခဲတွေ မရှိပါဘူး။ တခုတော့ရှိတယ်။ ရပ်ကွက်ကော်မရှင် ဆိုတဲ့ဟာက ကြံ့ခိုင်ရေးပါတီဝင်က ၅ ယောက်မှာ ၄ ယောက်ရှိတယ်။ ကြိုတင်မဲပေးတဲ့နေရာမှာ ၁ ယောက်၊ ၂ ယောက်လောက်က မခြစ်တတ်တော့ မေးရင် ဒီဟာလေးကိုပဲ ခြစ်လိုက်ပေါ့ဆိုတာမျိုး၊ သိပ်ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ပြဿနာ ဖြစ်လောက်အောင်တော့ ကြီးကြီးမားမား အဟန့်အတား၊ အနှောင့်အယှက်တွေ ကျမပြိုင်တဲ့နေရာမှာ မရှိသေးပါဘူး။”
နေပြည်တော် ဇမ္မူသီရိမြို့နယ်မှာ မဲရုံပေါင်း ၃၆ ရုံရှိပြီး မဲပေးနိုင်သူပေါင်း ၅၃,၂၆၁ ဦးရှိပါတယ်။
No comments:
Post a Comment