Tuesday, March 27, 2012

သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး

နော်နိုရင်း

ရန်ကုန်တိုင်း ဒေသကြီး ကျောက် တန်းမြို့နယ် သီလ၀ါ ဆိပ်ကမ်းရှိသစ် လုံး များ ထားရာနေရာမှာ မတ်၂၆ ရက်နေ့ကမွန်းလွဲ၂ နာရီကမီးလောင် မှု ဖြစ်ပွား ခဲ့ပြီး မတ် ၂၇ရက် မနက် ပိုင်းမှ မီးငြိမ်း သွားတယ်လို့ဗဟို မီး သတ် ဦးစီး ဌာနက ပြောပါတယ်။

မီး စတင် လောင်ကျွမ်း ပုံနဲ့ ပတ်သက်ပြီး ဗဟို မီးသတ် ဦးစီး ဌာနက တာဝန်ကျ မီးသပ် တပ်သား တဦးက ခုလို ပြောပြ ပါတယ်။

“စလောင် တာတော့ ၂၄၊ ၂၅ မှာ စလောင်တယ်။ မီးထိန်း တာတော့ ၂၆ ရက် နေ့ ည ၁၂ နာရီမှာ မီးထိန်း နိုင်သွား တယ်။ ၂၇ ရက်နေ့ မနက် ၆ နာရီ အချိန်မှာ မီးငြိမ်း သွားပါ တယ်။ လမ်းသွား လမ်းလာ တဦးက ကိုင်း တော ထဲကို ဆေးလိပ်တို ပစ်ချ လိုက်တာ ကနေ ကိုင်းတောက တ ဆင့် သစ်လုံး တွေကို မီးလောင် သွားတာပါ။”

မီးလောင်မှု စတင် ဖြစ်ပွားသော နေရာမှာ သီလ၀ါဆိပ်ကမ်းရှိ ထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီပိုင် သစ်တွေ မီးလောင်ကျွမ်းခဲ့ပြီး သစ်တန် ချိန် ၇၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ် အတွင်း မီးသတ်တပ်ဖွဲ့ဝင် တချို့ မီးခိုးငွေ့တွေကြောင့် မူးလဲမှုတွေ ရှိခဲ့ပေမယ့် အခြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု မရှိဘူးလို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက တာဝန်ကျ အရာရှိတဦးက ပြောဆိုသွားပါတယ်။

No comments: