Thursday, March 29, 2012

နန်းဝိုးဖန် အမှုကို တရားရင်ဆိုင်မည်ဟု ခင်ပွန်းသည်ပြော

အေး​နိုင်

ရန်ကုန် စုံစမ်း စစ်ဆေး ရေးရုံး ငါးထပ် တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံး သူ မနန်း ၀ိုးဖန်ရဲ့ ဈာပ နကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ တနာ ရီမှာ ရန် ကုန်မြို့ ထိန်ပင် သုသာန်မှာ သဂြိုဟ် မှာဖြစ်ပြီး တရား ဥပဒေ ကြောင်း အရ လည်း ခင်ပွန်း သည်က ရင်ဆိုင်ဖို့ ပြင်ဆင်နေ ပါတယ်။

အိမ်ခြံမြေ ကိစ္စနဲ့ စပ်လျဉ်းပြီး အသက် ၁၉ နှစ် အရွယ် ရှမ်း အမျိုး သမီး မ နန်း ၀ိုးဖန်ဟာ သိန်း ၅ ထောင် ထက် မနည်း တန်ဖိုး ရှိတဲ့ အိမ်ခြံ မြေပိုင် ဆိုင်မှုနဲ့ စပ်လျဉ်းပြီး စသုံးလုံး ရုံးမှာ မတ်၂၁ ရက်နေ့ ညနေ ကနေ နေ့ရော ညပါ စစ်ဆေး ခံရပြီး ၂၄ ရက်နေ့ မနက် ၅ နာရီ ခန့်မှာ ငါးထပ် တိုက်ပေါ် က ကျပြီး သေဆုံး ခဲ့ပါတယ်။ ရုပ် ကလာပ်ကို ထိန်ပင် သုသာန် မှာ မနက် ဖြန် သင်္ဂြိုလ်မှာ ဖြစ်တယ် လို့ မနန်းဝိုးဖန်ရဲ့ မိတ်ဆွေ ရှေ့နေ ဒေါ်အိ အိ အောင် က ပြောပါ တယ်။

ဇနီးသည် ဆုံးပါး ပြီးတဲ့ နောက် ရန်ကုန်ကို ရောက်ရှိ ခဲ့တဲ့ ခင်ပွန်း သည် ဂျပန်နိုင်ငံသား နာမာဆေ မို တိုဟီတိုက သူ့ဇနီး သေဆုံး မှုဟာ ဥပဒေ နဲ့မညီ ညှဉ်းပန်း စစ်ဆေး ခံရမှုကို မခံ နိုင်တာ ကြောင့် သတ်သေ တယ်လို့ ယူဆ ပြောဆို ပြီး တာဝန်ခံ စစ်ဆေး သူကို ဥပဒေ ကြောင်း အရ ရင်ဆိုင် မယ်လို့ ပြောပါ တယ်။

“ကျနော် တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရှမ်း နိုင်ငံရေးသမားတွေ က တဆင့် ကျနော့်ဇနီးအတွက် (စစစ)ရုံးက တာဝန်ခံကို စွဲမှာပါ၊ ကျနော့်ဇနီးက ရှမ်းပြည်နယ် က ဖြစ်တဲ့အတွက် ရှမ်းပြည်နယ် နိုင်ငံရေးသမားတွေ ကို မေတ္တာ ရပ်ခံ မှာ ဖြစ်ပါတယ်။ ကျနော့်ဇနီးကို တရားမ၀င် စစ်ဆေးတဲ့ အရာရှိကို တရားစွဲမှာပါ” လို့ ပြောသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကတော့ မတော်တဆဖြစ်ပြီး သေဆုံးတာလို့ ယူဆပြီး စုံစမ်း စစ်ဆေးရေး ခုံရုံးတရပ် ဖွဲ့စည်း ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

ရန်ကုန်တိုင်း လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ပြောဆိုချက်မှာ မနန်းဝိုးဖန်ဟာ ဦးအိုက်ခမ်းနဲ့ ဒေါ်ပေါ်လီတို့ရဲ့ ငါးယောက်မြောက် အငယ်ဆုံး သမီးဖြစ်ပြီး ဂျပန် အမျိုးသားနဲ့ တာချီလိတ် တာလော့ဈေးမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က တွေ့ဆုံပြီး ရှမ်းရိုးရာနဲ့ အညီ အိမ်ထောင် ပြုခဲ့တာလို့ ပြောပါတယ်။ သားသမီး မထွန်းကားပေမယ့် နန်းဝိုးဖန် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကျန်ရစ်သူ မိသားစုကို ပေးမယ်လို့ သား မက်က ပြောတယ်လို့ ဆိုပါတယ်။

စသုံးလုံးတိုက်ပေါ်မှာ အတူတကွ ခေါ်ယူစစ်ဆေးခံရပြီး တယောက်နဲ့ တယောက် စကားပြောခွင့် မရခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အိ အိအောင်က ဒီအမှုမှာ တရားမျှတတဲ့ အထိ ကူညီဆောင်ရွက်မယ် လို့ ပြောပါတယ်။

No comments: