Wednesday, March 28, 2012

လူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းခြင်း မရှိ

ခင်ဦးသာ on March 28, 2012


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည် ဟူသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မ မှန် ကန်ကြောင်းနှင့် ရေရှည် ဆောင်ရွက်မည့်အဖွဲ့ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အသုံးစရိတ်အတွက် ကျပ် သန်း ရာချီ တင်ပြ တောင်းခံ ခဲ့သော် လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ကိုက်ညီမှု မရှိဟု ဆိုကာ မတ်လ ၁၆ ရက် နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှ ပယ်ချခံခဲ့ရပြီးနောက် ဖျက်သိမ်းလိုက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်ကို သမ္မတဦးသိန်းစိန် ၏ အမိန့်ဖြင့်ဖွဲ့စည်းထား ခြင်းသာ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ အရ ဗဟို အစိုးရ ၀န်ကြီးဌာန ကဲ့သို့ ငွေလုံးငွေရင်း ဘတ်ဂျက်တောင်းခံပိုင်ခွင့် မရှိဟုဆိုကာ ပြည်ထောင်စု လွှတ်တော်က ပယ်ချခဲ့သည်။

ထိုသို့ ပယ်ချခံရခြင်းနှင့်ပတ်သက်၍ ကော်မရှင်၏ အစိုးရ သတင်းစာပါ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံ အချက်များအား မဆန့်ကျင် လျှင် ဥပဒေ အရ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု အာဏာသည် သမ္မတ၌ တည်ရှိသည်ဟုပါရှိကြောင်း၊ သမ္မတ ကို ထိုသို့လွှဲအပ် ထား သော အုပ်ချုပ်မှု အာဏာအား ကျင့်သုံး၍ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆို ထားသည်။

“သမ္မတအမိန့် နဲ့ ဖွဲ့စည်းနိုင်တယ် ဆိုပေမယ့် လွှတ်တော်ရဲ့ အတည်ပြုချက်ကိုရယူမှသာ ဥပဒေအရ တရားဝင်အဖွဲ့အစည်းဖြစ် ပါတယ်၊ ဒါမှလည်းပဲ ဘတ်ဂျက် တောင်းခံပိုင်ခွင့်ရှိတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ရှေ့နေဖြစ်သူ ဦးသိန်းညွန့် က ဧရာဝတီကို ပြောသည်။

ထိုသို့ပယ်ချခံလိုက်ရသည့်အတွက် ကော်မရှင်တခုလုံးကို ဖျက်သိမ်းလိုက်သည်ဟု ပြည်တွင်း၊ ပြည်ပ သို့ ပျံ့နှံ့သွားပြီး ဝေဖန် မှုပြောဆို မှု များ ထွက်ပေါ်လာ၍ မေးမြန်းစုံစမ်းမှု၊ စိုးရိမ်းမှုများ ရှိခဲ့ကြောင်း၊ ကော်မရှင် ဖွဲ့စည်းထားခြင်းသည် အလွန် သင့်မြတ် လျော်ကန် ကြောင်း ကော်မရှင် က ဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ နိုင်ငံတ၀န်းမှ တိုင်ကြားသည့် စာများကို ဖြေရှင်း ပေး နေကြောင်း၊ တိုင်ကြားမှုများအား စနစ်တကျ ကွင်းဆင်း စိစစ်ပြီး ဥပဒေအရ လုပ်ဆောင်ပေးနေကြောင်း ကော်မရှင် အတွင်းရေးမှူး ဦး စစ်မြိုင်က မီဒီယာများကို မကြာသေးခင် က ဖြေဆိုခဲ့သေးသည်။

၎င်းတို့သည် ကချင်ဒေသသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက် အထိ သွားရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် တသောင်း ကျော်ကို ကချင်ပြည်နယ်အစိုးရ၏ အကူအညီဖြင့် ကူညီကယ်ဆည်ရေး ကိစ္စများ ဆောင်ရွက်ပေးထားကြောင်း လည်း ဒီဇင်ဘာလ အတွင်း ထုတ် ပြန်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျသွားကြောင်း ကော်မရှင်က ကြေညာ ခဲ့ သည်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) ကမူ စစ်ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများ၌ အစိုးရ စစ် တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု၊ အရပ်သား များအပေါ် ညှဉ်း ပန်း နှိပ်စက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ လုပ်ဆောင်နေကြာင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်းက အစီရင် ခံစာ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာကလည်း မြန်မာနိုင်ငံ၌ လူ့အခွင့် အရေး ချိုးဖောက်မှုများသည် စိုးရိမ်စရာကောင်းသည့်အခြေအနေတွင် ရှိသေးကြောင်း၊ မတ်လအတွင်းကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ထည့်သွင်း ပြောဆိုခဲ့သည်။

နိုင်ငံတော် သမ္မတ၏ လမ်းညွန်မှုအရ လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်ကာ နိုင်ငံသားတို့၏ မူလအခွင့် အ ရေးများ မြှင့်တင်ရေးနှင့်ကာကွယ်ရေးကို အရှိန်အဟုန် မပျက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်ကြောင်း ယနေ့ထုတ် အ စိုးရ သတင်းစာများ၌ ရေးသားထားသည်။

ဥပဒေကြမ်းရေးဆွဲ၍ အတည်ပြုရန် ကြိုးပမ်းခြင်းသည် အစိုးရ၏ ထိန်းချုပ်မှုမှ လွတ်လပ်ပြီး သီးခြားလွတ်လပ်သည့် အဖွဲ့အ စည်း တခု အဖြစ် ရပ်တည်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ ဥပဒေ အတည်ပြုပြီးပါက အစိုးရ၏ အထောက်အပံ့နှင့်တခြားသော အထောက်အပံ့များကို စနစ်တကျ လက်ခံသုံးစွဲသွားမည်ဟုလည်း ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းထားပြီး အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင် ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုအဖွဲ့အစည်းများ စတင်ဖွဲ့စည်းစဉ်ကလည်း သက်ဆိုင်ရာ နိုင်ငံ များ၏ သမ္မ တ သို့မဟုတ် ၀န်ကြီးချုပ်တို့က တာဝန်ယူဖွဲ့စည်းပေးခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း ကော်မရှင်က ထောက် ပြ ထားသည်။

လက်ရှိရေးဆွဲနေဆဲ ဥပဒေကြမ်း ပြီးစီးပါက နိုင်ငံတော်သမ္မတထံ တင်ပြပြီး သဘောတူညီချက်ရပါက သမ္မတရုံးမှတဆင့် လွှတ် တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား အငြိမ်းစား သံအမတ်ကြီးများ၊ အငြိမ်းစား အစိုးရ အရာရှိများ၊ တက္ကသိုလ် ပါမောက္ခ အငြိမ်း စားများဖြင့်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

No comments: