Saturday, March 31, 2012

မြန်မာ စစ် အာဏာ ပိုင်များ အထူး ဒေသ ၄ နယ်မြေ အတွင်း လည်ပတ် ခွင့်တောင်း

သျှမ်းသံတော်ဆင့်


သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းရုံးမှ စစ်အာဏာပိုင်များ အထူးဒေသ ၄ ခေါ် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း လည်ပတ်ခွင့် ပြု ရန်တောင်းဆိုသဖြင့် ယမန်နေ့က သွားရောက်လည်ပတ်ခွင့်ပေးလိုက်ကြောင်း မိုင်းလား အာဏာပိုင်များအသိုင်းအဝိုင်းကပြောပါသည်။

“ တြိဂံစစ်တိုင်းရုံးက စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးခင်မောင်ထွေးနဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်း။ သူတို့ က လူသူ လက်နက် အင် အား ၂၅ ယောက်နဲ့အတူ မိုင်းလားနယ်မြေရဲ့ ဒုတိယမြို့တော် ဆီလူးကို ဝင်လည်ချင် တယ်လို့ အကြောင်းကြားလာတယ်။ မရောက်ဖူးလို့လည်ချင်ရုံ သက်သက်ဘဲ လို့ပြောတယ်။ တပ်ဖွဲ့ စည်းပုံ၊ မြေပြင်နေရာ လေ့လာချင်လို့ဝင်လာတာလို့ လူတွေက ထင်ကြေးပေး နေကြ တယ်” - မိုင်းလားအရာရှိ တဦးကပြောသည်။

မတ်ခ်ျ ၂၈ ရက်နေ့က တြိဂံတိုင်း G1 က စစ်ယာဉ်တန်း ၄ စီး လူသူလက်နက်အင်အား ၂၅ ယောက်နှင့်အတူ မိုင်းလားမြို့သို့ရောက်ရှိ ကြောင်း၊ ထိုမှတဆင့် မိုင်းလားမြို့မြောက်ဘက် ၁ နာရီခန့်အကြာသွားရသည့် ဆီလူးသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း၊ မိုင်း လားတာဝန်ရှိသူများက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ စာသင်ကျောင်းများ၊ စက်ရုံများ လိုက်လံပြသခဲ့ကြကြောင်း၊ မိုင်းလားသို့ ညပြန်အိပ်ပြီး ၂၉ ရက်မနက်ပိုင်း တရုတ်မြန်မာနယ်ခြားကော်မတီ တရုတ်အာဏာပိုင်များအား ကြိုဆိုကာ ကျိုင်းတုံဘက် ပြန်သွား ကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။

“ မြန်မာစစ်အာဏာပိုင်တွေ နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်တာ ဘာမှမမေးဘူး။ ကျနော်တို့ဖက်ကတော့ မြန်မာ အစိုးရဝန်ထမ်းတွေ မိုင်း လားကိုဘယ်တော့လာမလဲ လို့မေးတော့လဲ သူတို့က မသိဘူးဘဲဖြေတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ထူးဆန်းတယ်လို့ ဆိုရမှာ ပေါ့ဗျာ။ အကြောင်းမရှိဘဲကိုး” ဟု ၎င်းကပြောသည်။

၂၉ ရက်နေ့ ကျုင်းတုံမြို့၌ တရုတ်-မြန်မာနယ်ခြားကော်မတီဝင် နှစ်နိုင်ငံ အာဏာပိုင်များ အစည်း အဝေးထိုင်ကြ ကြောင်း၊ ယနေ့နေ့ခင်း ပိုင်း တရုတ်အာဏာပိုင်များအား တာလော့တရုတ်နိုင်ငံဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင် ကြကြောင်း အမည်မဖေါ်လိုသည့် မိုင်းလား အ ရာရှိအသိုင်းအဝိုင်းကပြောပြသည်။

မြန်မာ၊ တရုတ် အာဏာပိုင်တို့ တရုတ်-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးအား ၃ လ တကြိမ် ပုံမှန်ကျင်း ပရာ နှစ်နိုင်ငံစလုံး အလှည့်ကျ တာဝန်ယူကျင်းပလေ့ရှိကြောင်း သိရပါသည်။

No comments: