အေးနိုင်
ဟင်္သာတ မြို့နယ်မှာ ပညာရေး တာဝန် ရှိသူတွေ က ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် (ဟင်္သာတ) အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေး နေတယ်လို့ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်က ပြောပါ တယ်။
“ဟင်္သာတ တက္က သိုလ်က ကျောင်းသား တွေကို ဒီနေ့ အဆင့်မြင့် ပညာ ဦးစီး ဌာနက လာတဲ့ အဖွဲ့ တွေက ခေါ်တွေ့ တယ်ပေါ့။ ကျောင်းအုပ်ကြီးက တ ဆင့် ဟင်္သာတ တက္က သိုလ်ထဲက ကလေး တွေချည်းပဲ သီးသန့် ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော် တို့လည်း ကျောင်းရှေ့မှာ အခု လောလော ဆယ် ရှိနေတယ်။ ဖိအားပေး အင်အား သုံးတဲ့ ခြိမ်းခြောက်တဲ့ စကား မျိုးတော့ မပြော ဘဲနဲ့ ပညာ ရေးကို ထိခိုက် နိုင် တယ်၊ ပညာရေးကို အ နှောင့် အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုး နဲ့ပေါ့။ သူတို့က လူမှုရေးနဲ့ အဲဒီ လိုမျိုး ဝင်တာပေါ့။ မိဘတွေ ကတော့ နားမလည် တဲ့အခါ ကျတော့ အခု ကျနော် တို့မြို့မှာ တော့ အထိတ် တလန့်တော့ ဖြစ်သွား တာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။
No comments:
Post a Comment