Wednesday, March 28, 2012

လင်းခေး ခရိုင်ဥက္ကဌ ဟောင်းအား ဝန်ကြီးခန့် အပ်ရေး လူထုနှင့် အမတ်များ ကန့်ကွက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်၏ ပထမအကြိမ် တတိယ ပုံမှန်အစည်းအဝေး၌ သျှမ်းပြည်ဝန်ကြီးချုပ်က လစ်လပ်နေသည့် စီးပွားရေးနှင့် စီမံကိန်း ဝန် ကြီး ဌာန ၀န်ကြီးနေရာအား ယခင်လင်းခေးခရိုင် ခရက ဥက္ကဌ ဟောင်း ဦးအောင်မောင်းအား အဆိုတင်သွင်း ခဲ့ ရာ စစ်တပ်၊ ပြည်နယ် လွှတ်တော်အမတ် အပါဝင် လွှတ်တော်အမတ်အများစုက ကန့်ကွက် ခဲ့ကြသည်။

“ ဦးအောင်မောင်းက ကျနော်တို့လင်းခေးမှာ ခရိုင်မှူးလုပ်တုန်းကဆိုရင် လူထုကိုတအားနှိမ်ညှင်းတဲ့ သဘောမျိုးနဲ့ စကား ပြောတာ ကြမ်း တမ်းတယ်။ ခက်ထန်တယ် မာကြောတယ်ပေါ့လေ။ နောက်တခါ လမ်းဖောက်လုပ်မှု အစီအစဉ် မှာလဲ သူက ဒီမြို့ကြီးကို မီးရှို့ဖို့ ကြိုးစား ခဲ့ ပါသေးတယ်။အဲဒါ ကျနော်တို့ ကိုယ်တွေ့ သိခဲ့ရတဲ့အကြောင်း အရာတွေပါ။ လင်းခေးက လူဆိုရင် ဒီအကြောင်း ယောက်တိုင်းသိပါတယ်။ သူက ဖားတတ်တဲ့အတွက်ကြောင့်မို့လို့ ခုထိ သူမပြုတ်နိုင်ဘူးပေါ့လေ။ အဲတာကြောင့် ကျနော်တို့ လင်းခေးလူထုက လဲဘဲ သူ့ကို မလို လားဘူးပေါ့” - လင်းခေးဒေသခံ လုံးပီးက ပြောပါသည်။

မတ်လလယ်ပိုင်းက ကျင်းပသော သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး၌ လက်ရှိ သျှမ်းပြည်နယ် အစိုးရ၏ ကုန် သွယ် လယ်ယာ အ ရာရှိ ဦးအောင်မောင်းအား သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ဘဏ္ဍာရေးဝန်ကြီး ခွန်သိမ်းမောင်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ နှင့် စစ်တပ်လွှတ်တော်အမတ် ၄ ဦးသာထောက်ခံသည်ဟု လွှတ်တော် အမတ်များအသိုင်းအဝိုင်းကပြောသည်။

ဦးအောင်မောင်း လက်ချက်ကြောင့် တပည့်ရဲ ဘော် လေးယောက်တောခိုသွားသည့်အပြင် လက်အောက်ငယ်သားများအား ထိုးကြိတ် တတ်သည့် လူကြမ်းတဦးဟု နာမည်ကြီးနေကြောင်း ၎င်း၏ အကြောင်းသိသော ပြည်နယ်လွှတ်တော် အမတ်တဦးက ပြောပါသည်။

“ သူ လင်းခေးမှာခရိုင်မှူးတာဝန်ကျတုန်းကဆိုရင် လင်းခေးတပ်က ဗျူဟာမှူးတွေနဲ့လဲမတည့်ကြဘူး။ ဘာလဲဆိုတော့ သူက ဖော်လန်ဖား သဘောမျိုး ကျင့်သုံးတယ်။ သူနေရာရဖို့ အထက်ကို ဖားတယ်။ သူသဘောမကျတဲ့လူတွေကို ဖော်တယ်။ သူမျက်နှာရဖို့ဆိုရင် ဘယ်သူ့ကိုမှဂရုမစိုက်ဘူး အဲလိုမျိုးပေါ့နော်” ဟု လင်းခေးမှ ကုန်သည်ကြီးများ အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးကလည်း ပြောသည်။

အဆိုပါ စရိုက်ရှိသူအား ဝန်ကြီးခန့်မည့်အစား လူထုမှ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်အမတ်တဦး ကိုသာ တင်မြောက် ခန့်အပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဦးအောင်မောင်းသည် စစ်အစိုးရလက်ထက်က တပ်ရင်းမှူး ဗျူဟာမှူး အပြင် စစ်တပ်မှ အနားယူ ပြီး လင်းခေးခရိုင်၏ ခရိုင်မှူး အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့ဖူးသည်။ လက်ရှိသျှမ်းပြည်နယ်အစိုးရ ၏ ကုန်သွယ်လယ်ယာဌာနမှ အရာရှိအ ဖြစ် တာဝန် ထမ်းဆောင် နေသူ တဦး ဖြစ်ပါသည်။

No comments: