Wednesday, March 28, 2012

လှည်းကူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ ရှင်ပြုအလှူပြုလုပ် မဲဆွယ်

ရွှေအောင်

အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦး ခင်မောင်စိုးဟာ မတ် ၂၅ နဲ့ ၂၆ ရက်နေ့တုန်းက လှည်းကူးမြို့နယ် ဖောင်ကြီးမှာ သံဃာအပါး ၁၂၅ ပါး ကို ကမကထ လုပ်ပြီး ရှင်ပြုရင်း ကြံ့ခိုင်ရေး ပါတီအတွက် မဲဆွယ် စည်းရုံး ခဲ့တယ် လို့ ဖောင်ကြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပြန်ကြား ရေး အဖွဲ့ဝင် ကိုညိုထွန်းက ပြောပါ တယ်။

အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးဟာ ရှင်ပြုဖို့အတွက် သိန်း ၆၀ မတည် လှူဒါန်းပြီး လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် အလုံး အရင်းနဲ့ လာပြီး မဲဆွယ် စည်းရုံးသွားတာ လို့ ပြောပါတယ်။

“၂၅ ရက်နဲ့ ၂၆ ရက် မှာ တော်တော် စည်စည်ကားကားပဲ လုပ်လိုက်တယ်။ ၀န်ကြီးက သိန်း ၆၀ မတည်ပေးလိုက် တယ်။ အဲဒါကို ကြံ့ခိုင် ရေးပါတီက တာဝန်ယူ လုပ်လိုက်တယ်။ ပင့်သံဃာ က ၆၂ ပါး၊ ၀န်ကြီး ကိုယ်တိုင် ရေစက်ချပြီး အလှူအတန်းပေးတယ်။ ပေးပြီးတာနဲ့ လှည်းကူးက ကြံ့ခိုင်ရေး ပါတီကားက ၁၅ စီး၊ ဆိုင်ကယ်က ၂၀ စီး၊ အင်အားပြပြီးတော့ တမြို့လုံးစည်းရုံးရေး ဆင်းကြတယ်။ ဒီဘက်က ပြည်သူလူထုကလည်း အငိုက်မိသွားတယ်။ ဒီလိုလုပ်ရပ်မျိုး မကြုံခဲ့ဘူး။ သူတို့ပြောထားတာရှိတယ်၊ တဦးချင်းပုံစံနဲ့ပဲ သွားမယ်ပေါ့။ အခု တခါ အလုံးအရင်းနဲ့ ၀င်လာပြီးမှ ပြည်သူတွေ အငိုက်မိသွားတယ်။”

ဦးခင်မောင်စိုးဟာ ဖောင်ကြီးသားဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တုန်းက လှည်းကူးကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေး ပါတီက ဒေါက်တာအောင်မြတ်သူ အတွက် မဲဆွယ် စည်းရုံး ပေးခဲ့တာ လို့ ပြောပါတယ်။ မဲဆွယ် စည်းရုံးတာကို ရိုးရိုးတန်းတန်း မဲဆွယ်တာမဟုတ်ဘဲ ရှင်ပြုတာကို အကြောင်းပြုပြီး မဲဆွယ်စည်းရုံးသွားတာလို့ ကိုညိုထွန်းက ဆက်ပြော ပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေး ပါတီနှစ်ခုက ကိုယ်စားလှယ် ၂ ဦး အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

No comments: