Friday, March 16, 2012

ဖားကန့်မြို့နယ်တွင် အတိုက်အခံပါတီများအနိုင်ရရန် အလားအလာရှိ မဲရုံများ ဖျက်သိမ်းခံရ

ဇော်ကြီး။

ကချင် ပြည်နယ် ဖား ကန့်မြို့ နယ် အတွင်း အတိုက် အခံ ပါတီများ အနိုင် ရရန် အလား အလာ ရှိသည့် မဲရုံ အများ အပြား ဖျက်သိမ်း ခံလိုက် ရကြောင်း ကိုယ် စား လှယ်လောင်း များက ပြောသည်။ လုံးခင်း ကျေးရွာ အုပ်စု အတွင်းမှ ကျေးရွာ ပေါင်း (၃၀) ကျော် အပါ အ၀င် ဟူးကောင်း ချိုင့်ဝှမ်း ဒေသရှိ ကျေးရွာများ ပါဝင်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလက မဲရုံ (၁၀၀) ကျော် ဖွင့်လှစ် ခဲ့သည်။

သို့သော် မကြာ သေးမီက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖတ်ပြသည့် စာရင်း၌ (၇၀) ကျော်သာ ကျန်တော့ သည်ဟု အမျိုးသား ဒီမို ကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

ယခင် ရွေးကောက်ပွဲ ကာလ မတိုင် မီက ယခု ကဲ့သို့ ဖျက်သိမ်း မှုမျိုး ဖြစ်ပွား ခဲ့ဖူး သော်လည်း နောက်ပိုင်းတွင် ကော်မရှင်မှ ပြန်လည် ဖွင့်ပေး ခဲ့ကြောင်းနှင့် “အဲဒီ နေရာ တွေက မနှစ် တုန်းက ကျမမဲ အပြတ် အသတ် နိုင်ထားတဲ့ မဲရုံတွေ ဖြစ်ပါ တယ်။” ဟု ၎င်းက ပြော သည်။

အလားတူ ဖားကန့်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီမှ ဦးဒါရှီလာဆိုင်းကလည်း အဖျက်ခံရသည့် မဲရုံများအား ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် ဖွင့်လှစ်ပေးသင့်ကြောင်း “လူထုတွေရဲ့ မဲထည့်ခွင့်အခွင့်အရေး ဆုံးရှုံးသွားမှာကို မဖြစ်စေချင်ဘူးပေါ့။” ဟု ပြော သည်။ တချိန်တည်းတွင် ၂၀၁၀ ရွေးကောက်ပွဲကာလက ကချင်ပြည်နယ် အပါအ၀င် အခြားသော လူသူ အရောက်နည်းသည့် တိုင်းရင်း သား ဒေသများ၌ မဲထည့်ခွင့် မရခဲ့သည့် ကိစ္စအား ထောက်ပြ ပြောဆိုခဲ့သည်။

ထို့အပြင် ယခုရွေးကောက်ပွဲ၌ မဲရုံများ ဖျက်သိမ်းလိုက်သည့် အတွက် “မဲထည့်နိုင်တဲ့ အထဲမှာ ဒေသခံ အစစ် အမှန်တွေရှိတယ်။ အဲဒီ ဒေ သခံတွေက ကျနော်တို့ အတွက် ဆုံးရှုံးမှု တခု ဖြစ်တာပေါ့။ ဘာလို့လည်းဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်လာတဲ့ အတွက်ကြောင့်မို့ တမင်ရည်ရွယ်ပြီး လုပ်တယ်လို့ အဲလိုပဲ ထင်ပါတယ်။” ဟုလည်း ဆိုသည်။

မဲရုံများ ဖျက်သိမ်းလိုက်သည့်အတွက် ဖားကန့်မြို့နယ်အတွင်း မဲပေးနိုင်သူပေါင်း တစ်သောင်းခန့် လျော့နည်းသွားနိုင်သော်လည်း အ တိုက် အခံ ပါတီနှစ်ခုကမူ ၎င်းတို့ပါတီများ အနိုင်ရလိမ့်မည်ဟု မျော်လင့်ထားကြသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ် လပ်ပြီး တရားမျှတမှု ရှိစေရန် အစိုးရက ဆောင်ရွက်မည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။

သို့သော် ယခုကဲ့သို့ မဲရုံများ ဖျက်သိမ်းလိုက်ခြင်းကြောင့် ယင်းကိစ္စအား ထိခိုက်မှု ဖြစ်စေသည်ဟု ဦးဒါရှီလာဆိုင်း က သုံးသပ်သည်။ ဧပြီ လ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဖားကန့်မြို့နယ်မှ NDF ပါတီ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments: