Tuesday, April 17, 2012

မြန်မာ့အရေး အိန္ဒိယ-အမေရိကန် ဆွေးနွေးနေ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဧပြီလ ၁၇ ရက် ၂၀၁၂

အိန္ဒိယနှင့် အမေရိကန် တို့၏ အရှေ့ အာရှ ဆိုင်ရာ ဆွေးနွေး ပွဲများတွင် မြန်မာပြည် အရေးလည်း ထည့်သွင်း ဆွေးနွေး နေသည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အရှေ့အာရှဆိုင်ရာ အိန္ဒိယ နိုင်ငံခြားရေး လက်ထောက်အတွင်းဝန် Gautam Bambawale တို့ ဦးဆောင်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည် အရေး ထည့်သွင်း ဆွေးနွေး မည်ဟု The New Indian Express သတင်း တရပ်တွင် ဖော်ပြ ပါရှိ သည်။

မြန်မာနိုင်ငံမှာ အမေရိကန်နှင့်တရုတ်တို့ အားပြိုင်ရာ ‘တိုက်ပွဲစစ်တုရင်ခုံတခု’အဖြစ် သတ်မှတ် သဘောထားကြောင်းလည်း ရေးသား ဖော်ပြ ထားသည်။

တနင်္လာနေ့မှ စတင်ခဲ့သော နှစ်နိုင်ငံဆွေးနွေးပွဲများတွင် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ၊ မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ် မှုနှင့် မြန်မာ အပါ အ၀င် အရှေ့ အာရှ ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး ကိစ္စ များကို ဆွေးနွေးကြ မည်ဖြစ် သည်။

အင်္ဂါနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell လည်း ပါဝင်မည်ဖြစ်ပြီး မြန်မာပြည် ဒီမိုက ရေစီအရေး ရှေးရှုသည့် ခြေလှမ်းများအား အားပေးရန်နှင့် ဒေါ် အောင် ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခြင်းတို့ကို လည်း ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။ မစ္စတာမစ်ချဲလ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မကြာမီ တရားဝင် ခန့်အပ်ခံရဖွယ်ရှိသည်။

အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း သည်လည်း မေလထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။

No comments: