Tuesday, April 17, 2012

တပ်ရင်း​ တပ်ဖွဲ့​ များ​တွင် အဓမ္မ လုပ်အား​ပေး ​ခိုင်း​စေ​နေ

မင်းလွင်

မြန်မာတပ်မ​တော်က တပ်ရင်း​တပ်ဖွဲ့​တွေမှာ အခုချိန်အထိ အတင်း​အဓမ္မ လုပ်အား​ပေး​ ​စေခိုင်း​နေတယ်လို့​ တပ်မ​တော်သား​တွေက ​ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်​တွေအ​ခြေစိုက် အမှတ် ၃၇၃ အ​မြောက်တပ်ရင်း​က အရာ ရှိ၊​ အရာခံ၊​ အြကပ်တပ်သား​များ​နဲ့​ မိသား​စုဝင်​တွေဟာ ​ကျောက်တူး​၊​ လမ်း​ခင်း​၊​ ​မြေဖို့​နဲ့​ အလုပ်ကြမ်း​မျိုး​စုံကို အတင်း​အဓမ္မ လုပ် အား​ပေး​စေခိုင်း​ခံ​နေရတယ်လို့​ အမှတ် ၃၇၃ က တပ်မ​တော်သား​တဦး​က ​ပြောပါတယ်။

“တြခား​တပ်ရင်း​ တပ်ဖွဲ့​တွေလည်း​ တနင်္လာ၊​ စ​နေဆိုပြီး​ သန့်​ရှင်း​ရေး​လုပ် တာ၊​ ​မြောင်း​ဖောက်တာ လုပ်ကြရတာမျိုး​ ရှိတယ်။ ဒါ​ပေမယ့်​ ဒီတပ် ရင်း​မှာက ​နေ့​တိုင်း​ကို လုပ်ရတာ။ ​နေ့​တိုင်း​ လမ်း​ဖောက်တာ၊​ ​ကျောက်တူး​တာ၊​ ​ကျောက်သယ်၊​ ​မြေဖို့​။”

တပ်မ​တော်သား​တွေတင်မကပဲ သူတို့​ရဲ့​ အိမ်​ထောင်သည် ရဲ​မေ​တွေကပါ လုပ်အား​ပေး​ လုပ်ကြရြပီး​ အိမ်မိသား​စု အ​ရေး​ကိစ္စများ​ကို လုပ်​ဆောင်ဖို့​ အချိန်မရှိ​တော့​ဘူး​လို့​ အဆိုပါ တပ်မ​တော်သား​ကပဲ ​ပြော ဆိုပါ တယ်။

တပ်ရင်း​မှူး​က​နေ ​အောက်​ခြေက အရာရှိ၊​ အရာခံ၊​ အြကပ်တပ်သား​တွေကို ဆဲဆိုကြိမ်း​မောင်း​ကာ အဆမတန်ခိုင်း​စေတဲ့​အတွက် တပ်တွင်း​ အလုပ်ခွင်မှာ ​ပျော်ရွှင်စွာ တာဝန်မထမ်း​ဆောင်လိုဘဲ တပ်က​နေ ထွက်​ပြေး​တာ​တွေ အြမဲဖြစ်​နေတယ်လို့​ သိရပါတယ်။

လုပ်အား​ပေး​ခိုင်း​စေတာကို မခံနိုင်​တော့​တဲ့​အတွက် အမှတ် ၃၇၃ အ​မြောက်တပ်က ကွန်ပျူတာ စာ​ရေး​ တပ်ကြပ်ကြီး​ ​ဇော်မျိုး​နိုင် အပါ အဝင် တပ်ကြပ်ကြီး​ ၂ ဦး​နှင့်​ တပ်သား​ ၄ ဦး​တို့​ ထွက်​ပြေး​တယ်လို့​ သိရ ပါတယ်။

သမ္မတ ဦး​သိန်း​စိန်က​တော့​ ရပ်ကွက်​ကျေး​ရွာအုပ်စု​တွေမှာ ခြိမ်း​ခြောက်ပြီး​တော့​ အဓမ္မ​စေခိုင်း​ခဲ့​ရင် ​စေခိုင်း​သူဟာ ​ငွေဒဏ်၊​ ​ထောင်ဒဏ် အြပင် ဒဏ်နှစ်ရပ်စလုံး​ ကျခံရမယ်လို့​ မတ်လအတွင်း​က ဥပ​ဒေ ထုတ် ပြန်ထား​ပါတယ်။

No comments: