Friday, April 6, 2012

လွှတ်တော်တွင် ရခိုင် ပြည်နယ် အလံ၊ အမျိုးသား ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းပြီ

နိရဉ္စရာ

ရခိုင် ပြည်နယ် လွှတ်တော်တွင် ရခိုင် ပြည်နယ် အလံနှင့် ရခိုင် အမျိုးသား ရိုးရာ ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ကို အဖွဲ့ဝင် (၅) ဦးဖြင့် ဧပြီလ (၃) ရက်နေ့က ဖွဲ့စည်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဖွဲ့ဝင်များ မှာ (၁) ဦးလှသိန်း (တရား သူကြီး) အဖွဲ့ခေါင်းဆောင် (၂) ဦးထွန်းမင်း ( သမိုင်းဌါန ပါမောက္ခ) အဖွဲ့ဝင်၊(၃) ဦးဇော်ဝင်းလှိုင် ( မြန်မာ စာဌာန) အဖွဲ့ဝင်၊(၄) ဦးမွီးလှ (စာရေး ဆရာ) အဖွဲ့ဝင် (၅) ဦးဇော်ဇော်ထွန်း (ဗမာ အမျိုးသား) ( ယဉ်ကျေးမှု ပြတိုက်မှူး) အဖွဲ့ဝင်တို့ ဖြစ်ကြသည်။

ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ပြည်နယ် လွှတ်တော် အမတ် အများစု ကန့်ကွက် နေသည့် ကြားထဲမှ ယခု ကဲ့သို့ ၅ ဦးပါ အလံနှင့် ဆန်းစစ်ရေး အဖွဲ့ကို ရခိုင် လွှတ်တော်တွင် ဖွဲ့စည်း လိုက် ခြင်း ဖြစ်သည်။

" ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ အမတ်တွေက အခု အချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံတွေကို ဆန်းစစ် ရေးထက် အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ တင်ပြတာကို လက်မ ခံဘဲ ကြံ့ ခိုင်ရေး ပါတီ အမတ်တွေက မဲခွဲပြီး အလံနဲ့ အမျိုးသား ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက် ပါတယ်" ဟု ရတပ လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ဧပြီလ ၃ ရက်နေ့က ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေး အဆိုကို မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၂၄ မဲ၊ ကြားနေမဲ ၁ မဲ ဖြင့် ကြံ့ခိုင်ရေး ပါတီက အနိုင် ရရှိ သွားခဲ့ သည်။

ကြံ့ခိုင်ရေး ပါတီ အမတ်များ ဖြစ်ကြသည့် ဘူးသီး တောင်မြို့နယ် အမတ် ဦးမောင်စံရွှေနှင့် ရမ်းဗြဲ မြို့နယ် အမတ် သမ္မတ သင်္ကန်းတိုက် ပိုင်ရှင် ဦးသန်းနိုင်တို့မှလည်း မာန်အောင် ပြည်နယ် လွှတ်တော် အမတ် ဦးသာညွန့်၏ အဆိုကို ဧပြီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေး ခဲ့ကြ ပြီးနောက် ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင် ပြည်နယ် အလံနှင့် ရခိုင် အမျိုးသား ၀တ်စုံ ဆန်းစစ် ရေးအဖွဲ့ကို ဖွဲ့စည်း ပြီးနောက် အဆိုပါ အဖွဲ့မှာ ဆန်းစစ်ရေး အဖွဲ့ မဖြစ်ဘဲ ဖျက်ဆီးရေး အဖွဲ့ ဖြစ်လာမည်ကို အများက စိုးရိမ် နေကြ သည်ဟု သိရသည်။

2 comments:

Unknown said...

အစ်ကို ဆရာကြီးလုပ်လို့ပြောစွာမဟုတ်ပါ အစ်ကိုသုံးထားစွာ အလံရခိုင် အလံထင်ပါရေ ရခိုင်အလံမာ ရွေးလုံး(ရ)လုံး ပါရေအစ်ကို အစ်ကိုတင်ထားစွာမာ ၅လုံးရာပါရေကာ...?

Unknown said...

ဟုတ်ကဲ့ ရခိုင်အလံ ကိုကျွန်တော် သေချာမသိတာ အမှန်ပါ။ မှားပြီး တင်မိတာ ကိုထောက်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။