Saturday, April 7, 2012

ဖလမ်းပြည်သူ့ဆေးရုံးမှာ ခွဲစိတ်ခအတွက် ငွေပေးဆောင်နေရ

KHONUMTHUNG NEWS

ချင်းပြည်နယ် ဖလမ်းမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ခွဲစိတ်ခန်းဝင် လူနာများထံ ဆရာဝန်များ အတွက် လက်ဆောင်ဟုဆို ကာ သူနာပြု ဆ ရာမများက ကျပ်ငွေ သောင်းဂဏန်းအထိ မပေးမနေ ရ ပေးဆောင် ခိုင်း နေကြောင်းသိရသည်။

ပြည်သူ့ဆေးရုံးမှ သူနာပြုဆရာမများသည် လူနာရှင်များကို စာအိပ်ဝယ်ခိုင်းပြီး ယင်းစာအိပ်ပေါ်တွင် ဆရာဝန်များအတွက် လက်ဆောင် ဆိုကာ ငွေထည့်ရမယ့် ပမာဏကို ရေးထားပြီး မထည့်မနေ ရ ငွေထည့်ခိုင်းနေကြောင်း သမီး အူအတက် ခွဲဖို့ ဆေးရုံ တက်ရောက်သူ တဦး က ပြောသည်။

“ ကျနော့်သမီး အူအတက်ခွဲစိတ်ခိုင်းတယ်၊ သူနာပြုဆရာမတွေက စာအိပ်သုံးအိပ်ဝယ်ခိုင်းပြီး ခွဲစိတ်ဆရာဝန်အတွက် ၃သောင်း၊မေ့ဆေး ဆရာဝန်အတွက် ၁ သောင်းခွဲ၊ လက်ထောက်ဆရာဝန် အတွက် ၁ သောင်းဆိုပြီး အလှူထ ည့်ခိုင်းတယ်၊ အတင်းအဓမ္မလို့လည်းပြောလို့ရတယ်၊ သူတို့ပြောတာကတော့ လက်ဆောင် လို့လည်းပြောတယ် သူတို့ ဆရာဝန်တို့ ကိုယ် တိုင်က ကျနော်တို့ဆီမှာ မပြောဘူး ဆရာမ ဆီမှာ လွှဲအပ်ပြီးတော့ ကျနော်တို့အခက်အခဲရှိတယ် အဲဒါနည်းနည်းလျှော့လို့ရ မလားဆိုရင်လည်း မရဘူး ဆရာမတွေ က အတင်းထည့် ခိုင်း တာပေါ့’’ ဟုသူကပြောသည်။

ပြည်သူ့ဆေးရုံးတွင် သုံးည ခန့်သာနေခဲ့ရသော်လည်း ကျပ်ငွေ ၂ သိန်းခန့် ကုန်ကျခဲ့ကြောင်း သူကပြောသည်။

ဆင်းရဲသော ကျေးလက်ဒေသမှ လူနာများအတွက် ဆေးဖိုးဝါးခအပြင် ယခုလို ငွေကြေးပေးဆောင်ခိုင်းမှုများ ရှိနေသည့် အတွက်ကြောင့် အခက် အခဲကြုံနေကြရသည်ဟုလည်း သူက ခိုနူမ်းထုန်သတင်း ဌာ နကိုပြောပြ သည်။

“ ပိုက်ဆံမရှိရင်လည်း ကျန်းမာဖို့လိုအပ်လို့နော ဆွေမျိုးဆီမှာ အသင်းတော်ဆီမှာ ပိုက်ဆံချေး ပြီးတော့နော ဆေးရုံးမှာ လာသယ်တာဘဲ၊ ကျန်းမာဖို့ အဓိကထားတော့’’ ဟုပြောသည်။

ယခုကိစ္စနဲ့ပတ်သက်ပြီး ခိုနူမ်းထုန်သတင်းဌာနက ဖလမ်းမြို့ပြည်သူ့ဆေးရုံးကြီးကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ သူနာပြု ဆရာမ တဦးက ဟုတ်မှန်ကြောင်း သို့သော် အတင်း အဓမ္မဖြင့် ထည့်ဝင်ခိုင်း ခြင်း မဟုတ်ကြောင်း ပြောသည်။

ဖလမ်းမြို့မှ NLD ပါတီဝင်တဦးဖြစ်သော ပူး Hrelian ကလည်း ယခုကိစ္စနဲ့ပတ်သက်ပြီး သူကြားသိရသော်လည်း ထည့်ခိုင်းသည့်ငွေကြေး ပမာဏကိုမူ မသိရှိကြောင်း ပြောသည်။

“ရိုးရိုးဆေးရုံးတက်တာတော့ ကျနော်ထည့်ခိုင်းတယ်လို့မကြားဘူး၊ ခွဲစိတ်ခန်းဝင်တဲ့သူတွေကိုတော့ ထည့်ခိုင်း တယ်၊ အတိုင်း အတာ တော့ ကျနော် မသိဘူး၊ သူတို့ စာအိပ်လေးတွေနဲ့ ဆရာဝန်လက်ခ၊ ဆ ရာ ၀န် ကန်တော့ဘို့ဆိုပြီးတော့ ကျနော်ကြားတယ် ဒါပေမဲ့ အတိုင်းတာတော့ ကျနော်မသိဘူး’’ ဟုသူကဆိုသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့မှ File Coordinator Pu Terah က ဆေးရုံးတာဝန်ရှိသူများ၏ လုပ်ရပ်သည်လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် သည်ဟု ပြောသည်။

“ ပြည်သူ့ဆေးရုံဆိုတာ အစိုးရရဲ့ထောက်ပံ့မှုနဲ့ကူသလေ့ရှိတာပေါ့နော်၊ ဆရာဝန်တွေဆိုလည်းအစိုးရကလာစာ ပေးပြီး ခန့်ထားတာဖြစ် တယ်၊ ဆေးရုံ ထဲက မှန်သမျှ ဆိုရင် ဆေးလည်း အခမဲ့ ပေးရမှာ ဖြစ် တယ်၊ အဲလို သူတို့လုပ် တာတော့ တကယ့် လူ့အခွင့် အရေး ချိုးဖောက် မှုဘဲ’’

ယခုကဲ့သို့ ငွေကြေးကောက်ခံမှုသည် ဖလမ်းတမြို့နယ်တည်း၌သာမက ချင်းပြည်နယ်အခြားမြို့ နယ်များ ရှိ ပြည်သူ့ဆေးရုံ ကြီးများတွင် လည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။

No comments: