Saturday, April 7, 2012

အဖွဲ့​ချုပ်​အောင်နိုင် မှုသည် ပြည်သူများ​ ပူး​ပေါင်း​မှု​ ကြောင့်​ဟု ပါတီ ဥက္ကဋ္ဌ​ပြော

ရွှေအာင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​လှယ်​တွေ ​ရွေး​ကောက်ပွဲမှာ ​အောင်နိုင် မှု ဟာ ပြည်သူလူထုတရပ်လုံး​က အဖွဲ့​ချုပ်ရဲ့​ ဒီမိုက​ရေစီ ​ဆောင်ရွက်ချက်​တွေကို တက်တက်ကြွကြွ ပူး​ပေါင်း​ဆောင်ရွက်ကြလို့​ ဖြစ်တဲ့​ အ​ကြောင်း​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါ တယ်။

အဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အဖွဲ့​နဲ့​ အနိုင်ရ အဖွဲ့​ချုပ်ကိုယ်စား​လှယ် ၄၃ ဦး​တို့​ ဒီက​နေ့​ ​တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာဖြစ်ပြီး​၊​ ဧပြီ ၁ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ပြည်သူ​တွေရဲ့​ ​အောင်ပွဲဖြစ်တယ်လို့​ အဖွဲ့​ချုပ် အ​နေနဲ့​ အခိုင်အမာယုံ ကြည်​ကြောင်း​ ​ဖော်ပြထား​တဲ့​ ​ကြေညာ စာတမ်း​တ​စောင်လည်း​ ဒီ ဧပြီ ၇ ရက်​နေ့​စွဲနဲ့​ ထုတ်ပြန်ခဲ့​ပါတယ်။

ဒါ့​အြပင် ​ရွေး​ကောက်ပွဲပြီး​ဆုံး​သွား​ပြီဖြစ်လို့​ အဖွဲ့​ချုပ်ဟာ ပြည်သူ​တွေ လိုလား​တောင့်​တ​နေတဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ ပြန်လည်ပြုပြင်​ရေး​များ​ကို ဒီမိုက​ရေစီမူများ​နဲ့​ အညီ အြမန်ဆုံး​ စတင်လုပ်​ဆောင်မှာ ဖြစ် တယ်။ ပြည်သူလူထုကလည်း​ ဒီလုပ်ငန်း​တွေမှာ တက်တက်ကြွကြွ ပါဝင်ကြလိမ့်​မယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​လည်း​ ​ဖော်ပြထား​ပါတယ်။

ဒီ​နေ့​ ရန်ကုန် ​ရွှေဂုံတိုင်ရုံး​ချုပ်မှာ ပြုလုပ်တဲ့​ ​တွေ့​ဆုံပွဲကို အဖွဲ့​ချုပ် နာယက အဖွဲ့​ဝင်​တွေ၊​ ​ရွေး​ကောက်ခံ လွှတ်​တော်ကိုယ်စား​လှယ်​တွေ စုံစုံညီညီ တက်​ရောက်ခဲ့​ကြပါတယ်။

အဖွဲ့​ချုပ်ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ​ရွေး​ကောက်ပွဲ အသုံး​စရိတ်​တွေကို သတ်မှတ်ရက်အတွင်း​ ဂရုတစိုက် တင်ပြကဖို့​လည်း​ ပါတီဥက္ကဋ္ဌနဲ့​ ​အောင်နိုင်​ရေး​အဖွဲ့​ မန်​နေဂျာတို့​က တိုက်တွန်း​နှိုး​ဆော်ခဲ့​ပြီး​ လာ မယ့်​ ဧပြီ ၁၉ နဲ့​ ၂၀ ရက်တို့​မှာ ပြန်လည် ​တွေ့​ဆုံကြဖို့​ရှိတယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ အဲ့​ဒီလို ​တွေ့​ဆုံတဲ့​အခါမှာ​တော့​ အဖွဲ့​ချုပ် လွှတ်​တော်ကိုယ်စား​လှယ်​တွေ လွှတ်​တော်တက်ဖို့​အတွက် လိုအပ်တာ​တွေကို အ​သေး​စိတ် ​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။

No comments: