Saturday, April 7, 2012

အီး​ယူ ပိတ်ဆို့​ ဒဏ်ခတ်မှု ရုပ်သိမ်း​ရန် ပြင်သစ်​ တောင်း​ဆိုမည်

ပီတာအောင်

ဥ​ရောပ သမဂ္ဂ (အီး​ယူ) အ​နေနဲ့​ မြန်မာ နိုင်ငံ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး​ယူ ထား​မှု​ တွေကို ​ဖြေ​လျော့​ ပေး​လာ​ အောင် ပြင်သစ် နိုင်ငံက ​တောင်း​ဆို သွား​မယ်လို့​ ပြင်သစ် နိုင်ငံ ခြား​ရေး​ ဝန်ကြီး​က ​ပြောကြား​ လိုက်ပါ တယ်။

ဧပြီ ၁ ရက် ကြား​ဖြတ်​ ရွေး​ကောက်ပွဲမှာ ​ဒေါ်​အောင်ဆန်း ​စုကြည် ​ခေါင်း​ဆောင်တဲ့​ အန်အယ် လ်ဒီပါတီ အနိုင် ရသွား​ ပြီး​တဲ့​နောက် ပိတ်ဆို့​ ဒဏ်ခတ်မှု​ တွေကို ရုပ်သိမ်း ​ပေး​ဖို့​ ​တောင်း​ဆို သံ​တွေ ကျယ် ကျယ်​ လောင်​လောင် ထွက်​ပေါ် လာချိန်မှာ ပိတ်ဆို့​ အ​ရေး​ယူ ထား​တဲ့​ နိုင်ငံ​ တွေကလည်း​ ​လျော့​ပေး​ဖို့​ ​ခြေလှမ်း​တွေ ပြင်​နြေက တာပါ။

ပြင်သစ် နိုင်ငံခြား​ရေး​ဝန်ကြီး​ အာလန်ယူ​ပေ က မြန်မာနိုင်ငံရဲ့​ သမိုင်း​ဝင်ပြုပြင် ​ပြောင်း​လဲမှုကို အား​ပေး​ကြောင်း​ပြသတဲ့​နေနဲ့​ အီး​ယူအဖွဲ့​ဝင်​တွေကို မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူ ထား​မှု စြပီး​လျော့​ပေး​ဖို့​ ပြင်သစ်နိုင်ငံအ​နေနဲ့​ အဆိုပြု သွား​မယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ရိုက် တာသတင်း​မှာ ​ဖော်ပြပါတယ်။

“ပိတ်ဆို့​ဒဏ်ခတ်မှုဟာ အလုပ်မြဖစ်ဘူး​လို့​ လူ​တွေက ​ပြောကြတယ်။ ဒါ​ပေမယ့်​ မြန်မာကိစ္စမှာ​တော့​ စစ်အစိုး​ရဟာ အထီး​ကျန်ဖြစ်​နေတာ​ကြောင့်​ တရုတ်ရဲ့​ အိတ်ကပ်ထဲ မြန်မာပြည် ​ရောက် ရတယ်။ ဒါ​ကြောင့်​ ပိတ်ဆို့​ဒဏ်ခတ်မှုဟာ အစိုး​ရရဲ့​ ရပ်တည်ချက်ကို ​ပြောင်း​ဖို ပံ့​ပိုး​မှု ဖြစ်တယ် ”လို့​လည်း​ ပြင်သစ်နိုင်ငံခြား​ရေး​ဝန်ကြီး​က ​ပြောပါတယ်။

မြန်မာသမ္မတ ဦး​သိန်း​စိန်က​တော့​ “မြန်မာနိုင်ငံအ​ပေါ်မှာ တား​ဆီး​ ပိတ်ဆို့​မှု​တွေ နှစ်​ပေါင်း​ ၂၀ ​ကျော်​လောက် ရှိ​နေတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ ရဲ့​စီး​ပွား​ရေး​ဟာ တိုး​တက်သင့်​သ​လောက် မတိုး​တက်ပါဘူး​။ အခု​တော့​ တား​ဆီး​မှု​တွေ ​ဖြေ​လျော့​သွား​မယ်ဆိုလို့​ရှိရင်​တော့​ ဘာပဲ ဖြစ်ဖြစ် ကျ​နော်တို့​ ​ပေါင်း​စည်း​နိုင်မှုအတွက် အလား​အလာ​ကောင်း​တွေ ကျ​နော်တို့​ ရလာမှာဖြစ်တယ်လို့​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က က​မ္ဘောဒီး​ယား​နိုင်ငံမှာ ကျင်း​ပတဲ့​ အာဆီယံ ထိပ်သီး​ အစည်း​အ​ဝေး​ တက်​ရောက်စဉ် သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်ကို ​ဖြေကား​ခဲ့​ပါတယ်။

အီး​ယူဟာ မြန်မာစစ်အစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ​ကြောင့်​ မြန်မာနိုင်ငံအ​ပေါ် လက်နက် အ​ရောင်း​အဝယ် ပိတ်ဆို့​မှု အပါအဝင် ဖွံ့​ဖြိုး​ရေး​ အကူအညီ တချို့​မ​ပေး​ဘဲ ဆိုင်း​ငံ့​မှု​တွေ ပြုလုပ်ထား​တာပါ။

အီး​ယူ အမှု​ဆောင် အရာရှိ​တွေက​တော့​ လာမယ့်​ ဧပြီ ၂၃ ရက်မှာ ကျင်း​ပမယ့်​ အီး​ယူနိုင်ငံခြား​ရေး​ဝန်ကြီး​တွေရဲ့​ အစည်း​အ​ဝေး​ပွဲ မြန်မာအ​ပေါ် ချမှတ်ထား​တဲ့​ ဒဏ်ခတ်မှု တချို့​ကို ပြန်ရုပ်သိမ်း​ဖွယ်ရှိတယ်လို့​ မီဒီယာ​တွေကို အရိပ်အြမွက် ​ပြောဆိုထား​ပါတယ်။

အ​မေရိကန်နဲ့​ ဩစ​တြေး​လျနိုင်ငံတို့​ကလည်း​မြန်မာအ​ပေါ်ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ လျော့​ပေး​မယ်လို့​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကထုတ်​ဖော်​ကြေညာ ထား​ပါတယ်။

No comments: