Tuesday, April 17, 2012

ကော့​မှူး​ သက်ကြီး​ ရွယ်အို များ​ကို ​ဒေါ်​အောင်ဆန်း ​စုကြည် ဂါရဝပြု

ပီတာအောင်

ကော့​မှူး​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ သူအနိုင်ရရှိတဲ့​ နယ်​မြေက သက်ကြီး​ရွယ်အို​တွေကို နှစ်ဆန်း​ ၁ ရက်​နေ့​မှာ သွား​ရောက် ဂါရဝြပုခဲ့​ပြီး​ ​ဒေသဖွံ့​ဖြိုး​ရေး​ ရန်ပုံ​ငွေ​တွေ ​ပေး​အပ်ခဲ့​ပါတယ်။

ဒေသဖွံ့​ဖြိုး​ရေး​အတွက် ရန်ပုံ​ငွေ​ပေး​အပ်ဖို့​ ​ကော့​မှူး​မြို့​အတွင်း​ ​ကျေး​ရွာအုပ်စု ၆၀ ​ကျော်ထဲက ၃ ရွာကို မဲနှိုက် ​ရွေး​ချယ်ရာမှာ ပထမဆုကို ဝါး​ဘ​လောက် ​သောက်​ကျေး​ရွာ အုပ်စုက ကမာမတ်ရွာ၊​ ဒုတိယဆုကို ဆား​တိုင်မွတ်​ကျေး​ရွာနဲ့​တတိယဆုကို ပုပ္ပါး​ကျေး​ရွာအုပ်စုတို့​က ရရှိသွား​ပါတယ်။

ဒီဆု​ငွေ​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိခင် ​ဒေါ်ခင်ကြည် ​ဖောင်​ဒေး​ရှင်း​အ​နေနဲ့​ပေး​အပ်တာဖြစ်ပြီး​ ပထမဆု ကျပ်​ငွေ ၁၇၅ သိန်း​ ၊​ ဒုတိယဆု ၇၅ သိန်း​နဲ့​ တတိယဆု အတွက် သိန်း​ ၅၀ သတ်မှတ်ထား​တာပါ။

ဒီရန်ပုံ​ငွေ​တွေကို ဆုရတဲ့​ ​ကျေး​ရွာ​တွေက အသက်အြကီး​ဆုံး​ ပုဂ္ဂိုလ်​တွေကို ​ပေး​အပ်ခဲ့​ပြီး​ ​ကျေး​ရွာသား​ရဲ့​ ဆန္ဒအတိုင်း​ လိုအပ်တဲ့​နေရာမှာ သုံး​စွဲနိုင်တယ်လို့​ အန်အယ်လ်ဒီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။

“တရွာလုံး​မှာရှိတဲ့​ လူ​တွေက အစည်း​အ​ဝေး​ ​ခေါ်မှာပါ။ သူတို့​ ဘာသုံး​ချင်လဲ။ တံတား​ဆောက်ချင်လား​၊​ ​ကျောင်း​ဆောက်ချင်လား​၊​ လမ်း​ဖောက်ချင်လား​၊​ ​ရေတွင်း​တူး​မလား​၊​ မီး​စက်​ထောင်ချင်လား​၊​ သူတို့​ဘာသာ ဆုံး​ဖြတ်ပါလိမ့်​မယ်။”

ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ တိုင်း​ပြည်​ကောင်း​ကျိုး​အတွက် ​ဆောင်ရွက်ရာမှာ ပထမဦး​ဆုံး​ ​ခြေလှမ်း​ကို ဒီ​နေရာက​နေ စတင်လိုက်ပြီလို့​ရွာသား​တွေကို ​ပြောကြား​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​ကျေး​ရွာ​ပေါင်း​ ၆၀ ​ကျော်က ရာနဲ့​ချီတဲ့​ သက်ကြီး​ရွယ်အို​တွေကို ဂါရဝြပုခဲ့​ပြီး​ အနုပညာရှင်​တွေဖြစ်တဲ့​ လူမင်း​၊​ ​ဝေဋ္ဌု​ကျော်၊​ မျိုး​ကျော့​မြိုင်၊​ သျှီ၊​ သံသာဝင်း​၊​ အနဂ္ဂ၊​ ​ဆောင်း​ဦး​လှိုင်၊​ လင်း​နစ်၊​ သား​ထွေး​၊​ ကိုရဲလွင် စသူတို့​ကလည်း​ ရွာသား​တွေကို သီဆို​ဖျော်​ဖြေမှုခဲ့​ကြပါတယ်။

ဂီတ​ဖျော်​ဖြေပွဲမှာပါဝင်တဲ့​ ​တေး​သံရှင် ​ဆောင်း​ဦး​လှိုင်က “နှစ်သစ်မှာ ဝမ်း​သာပါတယ်၊​ လုပ်ခဲ့​ရတဲ့​ အလုပ်ကလည်း​ မဂင်္လာလည်း​ရှိတယ်။ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ သွား​ပြီး​တော့​ လုပ်လိုက်ရတာက အင်မတန်မဂင်္လာရှိတယ်။ လူတိုင်း​မရနိုင်ဘူး​၊​ ကျ​နော်တို့​က ရတဲ့​အတွက် ဝမ်း​သာတယ်။ အဖွား​အို​တွေလည်း​ ​ပျော်ရွှင်မြူး​တူး​ကခုန်ကြတယ်။ အား​လုံး​က စိတ်ဓာတ်တက်ကြွ လန်း​ဆန်း​ပြီး​ နှစ်သစ်ကို ကြိုဆိုတဲ့​အခါ ​ကော့​မှူး​မြို့​ကို အင်နဲ့​အား​နဲ့​ လူထုစိတ်ဓာတ်​တွေက​တော့​ အ​ကောင်း​ဆုံး​အ​နေအထား​မှာ ရှိတယ်ဆိုတာ ​တွေ့​ခဲ့​ရတယ်။”

ကော့​မှူး​မြို့​နယ်ဟာ ပြီး​ခဲ့​တဲ့​ ဧပြီလ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်အြဖစ် ​ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက် တင်​မြှောက်ခံခဲ့​ရတဲ့​ နယ်​မြေဖစ်ပါတယ်။

No comments: