ဒီဗွီဘီ
မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် ထားမှုကို ရပ်ဆိုင်း ထားလိုက်ပြီ လို့နော်ဝေ နိုင်ငံခြား ရေးဝန်ကြီးက ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြ ပါတယ်။
နော်ဝေ နိုင်ငံ ခြားရေး ဝန်ကြီး ယူနပ်စ် ဂါစတို ရာက “လတ်တလော မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု တွေက အာဏာပိုင် တွေဟာ ပြုပြင် ပြောင်းလဲမှုကို တကယ်လုပ်ဆောင်နေတယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ ကြိုဆိုသင့်ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတာကတော့ ကျန်တဲ့ ကမ္ဘာနဲ့ဆက်သွယ်ဆောင်ရွက်ဖို့၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့နိုင်ငံတကာအကူအညီတွေပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
နော်ဝေဟာ လက်တွေ့မှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပေမယ့် စီးပွားရေးပိတ်ဆိုဒဏ်ခတ်မှုတွေကို ပြန်လည်ချမှတ်နိုင်သေးတယ်ဆိုတာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်နေသူတွေ အတွက် သတင်းစကားပါးလိုပါတယ်လို့လည်း ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းတဲ့သတင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တယ်လီဖုန်းနဲ့ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံကို လက် နက် အရောင်း အဝယ် ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိဦးမယ်လို့ ဆိုပါတယ်။
No comments:
Post a Comment