Monday, April 16, 2012

ဝတပ်ဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​အနား​ ကျင်း​ပ

နန်းမြနဒီ

ဝပြည်​ သွေး​စည်း​ ညီညွတ်​ရေး​ အဖွဲ့​ (ယူဒဗလျူ အက်စ်​အေ) ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​ အနား​ကို ၀ ထိန်း​ချုပ် နယ်​မြေမှာ ကျင်း​ပ​ နေပါ တယ်။

ငြိမ်း​ချမ်း​ရေး​ အထိမ်း​ အမှတ် ပွဲကို ရှမ်း​ပြည်နယ် အ​ရှေ့​ပိုင်း​ ယူဒဗလျူ အက်စ်​အေ ထိန်း​ချုပ်နယ်​မြေ မိုင်း​ပေါက် မြို့​က စစ်​ လေ့​ကျင့်​ရေး​ ကွင်း​မှာ ဧပြီ ၁၀ ရက်​ နေ့​က စြပီး​ ကျင်း​ပ​ နြေပီး​ ဝတ်စုံပြည့်​ ချီ တက်ပွဲ အခမ်း​အ နား​ ကို​တော့​ မနက်ဖြန် မနက် ၈ နာရီ ခွဲမှာ ကျင်း​ပ မယ်လို့​ ယူဒဗလျူ အက်စ်​အေ ပြင်ပ ဆက်ဆံ​ရေး​ ဌာန ဒုတိယ ဌာနြကီး​မှူး​ ဦး​စံခွန်း​က ​ပြောပါ တယ်။

“တကယ့်​နေ့​ ပေါ့​နော်။ ဧပြီလ ၁၇ ရက်​ နေ့​ဆို တာက ဗမာပြည် ကွန်မြူနစ် ပါတီကို ပုန်ကန်ပြီး​ အာဏာ သိမ်း​တဲ့​နေ့​။ တကယ့်​ ကျင်း​ပ မှာက မနက် ဖြန်မှာ။ ၁၀ ရက်​ နေ့​က စြပီး​တော့​ ခရိုင် အသီး​သီး​ က​နေ ​ပြေး​ခုန် ပစ်တို့​၊​ ဘတ်စ ကတ်​ဘော၊​ လွန်ဆွဲ ပွဲတို့​ တ​လျှောက်လုံး​ ကျင်း​ပ လာခဲ့​ တယ်။ ညဆိုလည်း​ ​ဖျော်​ဖြေ​ရေး​၊​ ယဉ်​ကျေး​မှုပွဲ ​ဖျော်​ဖြေ အကြပိုင် တာ​တွေ ရှိတယ်။”

အခမ်း​အနား​ကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ခရိုင် ၆ ခုက ၀ အရာရှိအရာခံ တပ်သား​တွေ၊​ ယူဒဗလျူအက်စ်​အေ မဟာမိတ် မိုင်း​လား​တပ်ဖွဲ့​က ကိုယ်စား​လှယ်​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။

ဒါ့​အြပင် တရုတ်ပြည်ဘက်က ဧည့်​သည်​တွေ၊​ ၀ ​ဒေသမှာ ဝင်​ရောက်အကူအညီ​ပေး​နေတဲ့​ နယ်စပ်​ဒေသ တိုင်း​ရင်း​သား​လူမျိုး​များ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ (နတလ) ဝန်ထမ်း​နဲ့​ ကမ္ဘာ့​ကုလသမဂ္ဂ စား​နပ်ရိက္ခာ ဖွံ့​ဖြိုး​ရေး​အစီအစဉ်က ဝန်ထမ်း​တွေ၊​ အန်ဂျီအိုအဖွဲ့​တွေလည်း​ တက်​ရောက်ဖို့​ ဖိတ်ကြား​ထား​တယ်လို့​ ဦး​စံခွန်း​က ​ပြောပါတယ်။

တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်ဖွဲ့​တွေထဲက စစ်သည်အင်အား​ အ​တောင့်​တင်း​ဆုံး​ဖြစ်တဲ့​ ယူဒဗလျူအက်စ်​အေတပ်ဖွဲ့​ဟာ ၁၉၈၉ ခုနှစ်၊​ ​မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က​နေ ခွဲထွက်ပြီး​ နဝတ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ပြုလုပ်ခဲ့​ပါတယ်။

နဝတ အစိုး​ရက ရှမ်း​ပြည်​မြောက်ပိုင်း​အထူး​ဒေသ (၂) လို့​ သတ်မှတ်​ပေး​ပြီး​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​အသွင်နဲ့​ မိမိနယ်​မြေဖွံ့​ဖြိုး​ရေး​တွေ လုပ်​ဆောင်ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်မှာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​ နအဖအစိုး​ရနဲ့​ အ​ခြေအ​နေ တင်း​မာခဲ့​ပါတယ်။

၂၀၁၁ မှာ ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ခဲ့​ရာမှာ ၂၀၁၁ ဒီဇင်ဘာလ ၂၆ ရက်​နေ့​မှာ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူလက်မှတ် ထိုး​ခဲ့​ပါတယ်။

No comments: